အင်္ဂလန်ကစားသမားက ဂိုးသွင်းအပြီးမှာ ကပြအောင်ပွဲခံခဲ့တာပါ။

အီရန်နဲ့ပွဲမှာ လူစားဝင်ကစားပြီး အင်္ဂလန်အတွက် အနိုင်ဂိုးတဂိုးသွင်းယူပေးခဲ့ပြီးနောက် ဂျက်ဂရီလစ်ရှ်က ကခုန်အောင်ပွဲခံပြသွားခဲ့ပါတယ်။ အင်္ဂလန်က ၆-၂ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ရာမှာ ဂရီလစ်ရှ်လည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး ပျော်ရွှင်စရာညတညဖြစ်ခဲ့ရသလို သူ့ရဲ့ ကပြသွားခဲ့တဲ့နောက်ကွယ်မှာလည်း လေးစားဖွယ်ရာဇာတ်လမ်းပုံပြင်တပုဒ်ရှိနေခဲ့ပါတယ်။ 

အဲဒါကတော့ ဂရီလစ်ရှ်ဟာ ဒီရာသီအစပိုင်းက သူ့ဆီကို စာရေးသားပြီးတောင်းဆိုခဲ့တဲ့ မန်စီးတီးပရိသတ် ဖင်လေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပါပဲ။ ဖင်လေ ဟာ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါကို ခံစားနေရတာဖြစ်ပြီး သူမနဲ့ ဂရီလစ်ရှ်တို့ ပြီးခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံခဲ့ကြပြီး ဘောလုံးအတူကစားခဲ့ကြပါတယ်။ ဒီတွေ့ဆုံချိန်မှာ ဂရီလစ်ရှ်နောက်တကြိမ်မှာ ဂိုးသွင်းခဲ့ပါက ကပြအောင်ပွဲခံပေးဖို့အတွက်​ တောင်းဆိုခဲ့တာပါ။ 



အခုတော့ သူ့ရဲ့ကတိအတိုင်းပဲ ဂရီလစ်ရှ်က ဂိုးသွင်းပြီးချိန်မှာ ဖင်လေ ရဲ့ တောင်းဆိုမှုအတိုင်း ကပြအောင်ပွဲခံပေးခဲ့တာဖြစ်ပါတယ်။ သူတို့တွေ့ဆုံခဲ့တုန်းကလည်း ဂရီလစ်ရှ်က နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးခဲ့သလို ပျော်ပျော်ရွှင်ရွှင်နဲ့လည်း အတူတူဘောလုံးကစားခဲ့ကြပြီး စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးခဲ့ပါတယ်။ 



လက်နှစ်ဖက်ကို ရေလှိုင်းပုံစံတွန့်ပြီး ကပြတဲ့ ကကွက်ကို ဖင်လေက ကပြခဲ့ပြီး အဲဒီလိုအောင်ပွဲခံပေးပါလို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း ဂရီလစ်ရှ်က "ဖင်လေရေ၊ ဒါမင်းအတွက်ပါကွာ" လို့ ရေးသားကာ သူတို့နှစ်ဦးတွေ့ဆုံခဲ့တဲ့ ရုပ်သံဗီဒီယိုကို ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဂရီလစ်ရှ်ရဲ့ ကတိကဝတ်အတွက် အားလုံးက ချီးကျူးနေကြပါပြီ။ 


Share

Loading Next Article...
က္က