လိဂ်သွင်းဂိုးရရှိထားမှု အရေအတွက်က အတူတူပါပဲ။

ဂီတာဖေးတိုက်စစ်မှူး မေဆန်ဂရင်း၀ုဒ်ရဲ့ ဒီရာသီ လိဂ်သွင်းဂိုးဟာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်ကစားသမားတွေရဲ့ ဒီရာသီ လိဂ်သွင်းဂိုးနဲ့ အတူတူပဲဖြစ်ပါတယ်။ ဂရင်း၀ုဒ်ဟာ ဂီတာဖေးအတွက် သူ့ရဲ့ ပထမဆုံးလိဂ်ဂိုးကို ဆယ်လ်တာဗီဂိုနဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ တဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒီရာသီမှာ ဂီတာဖေးအတွက် ဂရင်း၀ုဒ်က မိနစ်ပေါင်း ၂၃၀ သာ ကစားပေးထားရတာဖြစ်ပြီး ၁ ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။ တဖက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂါနာချို၊ ဆန်ချို၊ ဟွိုက်လန်းတို့ အားလုံးပေါင်းက လိဂ်ဂိုး ၁ ဂိုးတည်းသာ ရရှိထားပြီး အဆိုပါဂိုးကို ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့တာပါ။ 

ဒါဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းက တော်တော်လေးစိုးရိမ်စရာကောင်းနေတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ ယူနိက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ကွင်းလယ်ခံစစ်လူ ကက်စ်မဲရိုးက ရပ်တည်နေတာကို ကြည့်မယ်ဆိုရင် ပိုပြီးတော့ သိသာပါတယ်။ 

ယူနိုက်တက်တိုက်စစ်ကစားသမားတွေဟာ ဒီရာသီမှာ အကုန်လုံးကို ခြေစွမ်းကျဆင်းနေတာဖြစ်ပြီး တန်ဟက်ဂျ်အတွက် ခေါင်းကိုက်စရာကိစ္စဖြစ်ပါတယ်။ ဟွိုက်လန်းကတော့ ဒီရာသီမှာမှ အသင်းကို ရောက်ရှိလာတာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ၃ ဂိုးသွင်းယူထားပေမယ့် လိဂ်ဂိုးကတော့ မရရှိသေးပါဘူး။ မာရှယ်ကလည်း ခြေစွမ်းမပြသနိုင်လို့ အရန်အဖြစ်နဲ့သာ ကစားနေရပြီး ဝင်ကစားချိန်တိုင်းမှာလည်း ပုံစံကောင်းမပြသနိုင်သေးတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က