ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ လမ်းခွဲခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ ဂရင်းဝုဒ် အသင်းကနေ ထွက်ခွာခဲ့ရတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း သိရှိရပါတယ်။ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ နှစ်ဦးသဘောတူညီမှုနဲ့ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း မနေ့ညက တရားဝင်ကြေညာခဲ့ပါတယ်။



ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရပါတယ်။ အခုချိန်မှာတော့ ဂရင်းဝုဒ်က အမှုကနေ တရားသေလွတ်မြောက်ခဲ့ပြီဖြစ်ပြီး အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။

ဒါ့အပြင် ဂရင်းဝုဒ်နဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ အဆိုပါမိန်းကလေးကလည်း ဂရင်းဝုဒ်နဲ့ရရှိထားတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီး မကြာခင်မှာပဲ ဂရင်းဝုဒ်က ကလေးအဖေဖြစ်လာတော့မှာပါ။ ဒါပေမယ့် ယူနိုက်တက်နဲ့အတူ မြက်ခင်းစိမ်းတွေကို ပြန်လာဖို့ သူ့ရဲ့ရည်ရွယ်ချက်တွေက ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေကလည်း ဂရင်းဝုဒ်ကို အသင်းမှာ ပြန်ကစားခွင့်ပေးဖို့ စီစဉ်ခဲ့ပေမယ့် ဒီအချိန်မှာပဲ အသင်းတွင်းဝန်ထမ်းအချို့က ဂရင်းဝုဒ်ကို ပြန်ကစားခွင့်ပေးခဲ့ရင် အသင်းကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါတယ်။ အကျိုးဆက်အနေနဲ့ ဂရင်းဝုဒ်ရဲ့ကိစ္စတွေက ရှုပ်ထွေးသွားခဲ့ပြီး အခုလိုမျိုးပဲ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်တို့ လမ်းခွဲခဲ့ရတာပါ။

ယူနိုက်တက်ပရိသတ်တွေကတော့ အသက် (၇) နှစ်ကတည်းက အသင်းမှာရှိနေခဲ့တဲ့ ကစားသမားလေး၊ ခြေစွမ်းပိုင်းအရ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားလေးကို လက်လွှတ်ခဲ့ရတဲ့အပေါ် ဒေါသထွက်နေကြပါတယ်။ ယူနိုက်တက်ကတော့ ဂရင်းဝုဒ်ရဲ့အနာဂတ်အတွက် ဆက်လက်ကူညီသွားမှာဖြစ်ပြီး အီတလီ ဒါမှမဟုတ် တူရကီမှာ ကစားနိုင်ဖို့ အသင်းသစ်ရှာဖွေပေးသွားမယ်လို့ သိရှိရပါတယ်။  

Share

Loading Next Article...
က္က