ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။

ဂီတာဖေးဟာ ဂရင်းဝုဒ်အပေါ် ပြိုင်ဘက်ပရိသတ်တွေရဲ့ ဆဲဆိုလှောင်ပြောင်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပြင်းထန်တဲ့ ကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ဂီတာဖေးကို ရောက်ရှိလာခဲ့တာပါ။



ပြီးခဲ့တဲ့တစ်နှစ်နီးပါး အတူနေချစ်သူအပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်မှုနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ ယူနိုက်တက်နဲ့ မတတ်သာတဲ့အဆုံး လမ်းခွဲခဲ့ရပါတယ်။ ဂီတာဖေးကို ရောက်ရှိလာချိန်မှာလည်း ပြိုင်ဘက်ပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပါ။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့တဲ့ ပွဲမှာကတည်းက “ဂရင်းဝုဒ်… သေလိုက်” ဆိုတဲ့ အော်ဟစ်လှောင်ပြောင်သံတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်နဲ့ပတ်သက်လို့လည်း ဆက်တိုက် လှောင်ပြောင်ဆဲဆိုနေကြပြီး ဂီတာဖေးကတော့ ဒါတွေကို အပြင်းထန်ဆုံး ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့တာပါ။

“အခု ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေက ဂီတာဖေးကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ပုံရိပ်ကို အဆိုးရွားဆုံး ထိခိုက်စေကြောင်း၊ သူတို့မှာလည်း မိသားစု၊၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေရှိကြပြီး ဒီအပေါ်မှာ လေးစားမှုထားရမှာဖြစ်ကြောင်း၊ ဂီတာဖေးက ပရော်ဖက်ရှင်နယ်ဆန်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း”

“အကြမ်းဖက်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ မျက်ကန်းမျိုးချစ်စိတ်နဲ့ သည်းမခံနိုင်စရာ အပြုအမူတွေကို ဆန့်ကျင်ပါကြောင်း” အစရှိတဲ့ အချက်တွေပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဂီတာဖေးနဲ့ တစ်နှစ်သာ စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့အနာဂတ်ကို လာမယ့်နွေရာသီမှာ ထပ်မံဆုံးဖြတ်ရဖွယ်ရှိပါတယ်။  

Share

Loading Next Article...
က္က