အန်တိုနီကို ချစ်သူဟောင်းက အင်္ဂလန်မှာပါ တရားစွဲဖို့ ပြင်ဆင်နေတာပါ။

အန်တိုနီရဲ့ ချစ်သူဟောင်း ဂါဘရီလာ ကာဗာလင်က အန်တိုနီကို တရားစွဲဖို့အတွက် လိုအပ်တဲ့ အချက်အလက်မှတ်တမ်းတွေကို ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ အချက်အလက်မှတ်တမ်းတွေ ပြည့်စုံသွားခဲ့ရင်တောင် အန်တိုနီကို ဗြိတိန်ရဲတပ်ဖွဲ့ထံ တိုင်ကြားသွားမယ်လို့ သတင်းတွေက ဆိုပါတယ်။



အန်တိုနီက ကာဗာလင်ကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိနေပြီး ဒီဖြစ်ရပ်တွေက အန်တိုနီ ယူနိုက်တက်ကို ရောက်ရှိပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလို့ သိရှိရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ကာဗာလင်ရဲ့ ရှေ့နေတွေဟာ စာမျက်နှာ (၇၀) ပါဝင်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်နေပါတယ်။

ဒီစာရွက်စာတမ်းတွေထဲမှာ အန်တိုနီက ကာဗာလင်ကို ရန်လိုတဲ့အပြုအမူတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာတွေအပါအဝင် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ပါဝင်နေကြောင်း သိရှိရပါတယ်။ အန်တိုနီအနေနဲ့ အင်္ဂလန်မှာပဲ မတူညီတဲ့ အမှုသုံးမှုနဲ့ ရင်ဆိုင် တရားစွဲခံရဖွယ်ရှိကြောင်း ကာဗာလင်ရဲ့ ရှေ့နေ ဆွာဇိုက ပြောကြားထားပါတယ်။

အန်တိုနီဟာ ကာဗာလင်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဘရာဇီးမှာလည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါသေးတယ်။ အခုချိန်မှာတော့ အန်တိုနီကို အင်္ဂလန်မှာပါ တရားစွဲဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အခြားသောကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ ဂရင်းဝုဒ်ကလည်း အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် တရားရင်ဆိုင်ကာ အကျဉ်းကျခံခဲ့ရဖူးပါတယ်။ အခုချိန်မှာတော့ ဂရင်းဝုဒ်က အမှုကနေ တရားသေလွတ်မြောက်လာခဲ့ပြီး ဒီလိုအချိန်မှာပဲ အန်တိုနီရဲ့အဖြစ်က ချိန်သားကိုက် ထပ်မံထွက်ပေါ်လာခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က