ပေါင် ၄၅ သန်းအထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

အာဆင်နယ်ကတော့ မန်စီးတီးတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်ကို ခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှုရရှိသွားခဲ့​ပြီဖြစ်ပါတယ်။ ဂျီးဆပ်ကို ရအောင်ခေါ်ယူနိုင်ဖို့ အားထုတ်ခဲ့တဲ့ အာဆင်နယ်ရဲ့ လှုပ်ရှားမှုက အောင်မြင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ ပေါင် ၄၅ သန်းနဲ့ သဘောတူညီခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ 

ဂျီးဆပ်ကိုစိတ်ဝင်စားခဲ့တဲ့ အသင်းပေါင်း ၅ သင်းအထိရှိခဲ့တယ်လို့လည်း သူကထပ်မံပြောဆိုခဲ့ပြီး အာဆင်နယ်ကလက်ဦးမှုရယူနိုင်ခဲ့တာပါ။ စာချုပ်၊အသေးစိတ်အချက်အလက်တွေကိုတော့ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်လက်ညှိနှိုင်းနေပြီး နောက်ဆုံးအဆင့်လုပ်ဆောင်ချက်တ​ွေမပြီးဆုံးသေးပေမယ့် ဂျီးဆပ်ကတော့ အာဆင်နယ်ကို သေချာပေါက်ရောက်ရှိပြီလို့ ရိုမာနိုက ဆိုပါတယ်။ 

အာဆင်နယ်ဟာ ဆော်ပေါ်လိုက အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးမာကွင်ဟို့စ်ကိုလည်း ခေါ်ယူထားပြီးဖြစ်လို့ လက်ရှိမှတော့ သူတို့အသင်းတိုက်စစ်ပိုင်းမှာ မာတင်နယ်လီ၊ မာကွင်ဟို့စ်နဲ့ ဂျီးဆပ်တို့ ဘရာဇီးလ်သား ၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဆာကာနဲ့ မာတင်နယ်လီတို့ကိုပဲ အားကိုးခဲ့ရတဲ့ အာဆင်နယ်တိုက်စစ်အတွက် အင်ပြည့်အားပြည့်ဖြစ်လာခဲ့ပြီလို့ ဆိုရပါမယ်။ 

ပေါ်တိုကွင်းလယ်လူဖေဘီယိုဗီအဲရာကိုလည်း အာဆင်နယ်က ယူရိုသန်း ၄၀ နဲ့ ခေါ်ယူထားပြီးဖြစ်ကာ ဒီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်တို့ ခြေသွက်လက်သွက်ဖြစ်နေတာကို တွေ့ရပါတယ်။ အားကစားဒါရိုက်တာအဖြစ် အီဒူးက တာဝန်ယူခဲ့အပြီးမှာ ဘရာဇီးလ်သားတွေကို ပိုမိုမျက်စိကျလာတဲ့ပုံစံကို မြင်တွေ့နေရပြီး ဆမ်ဘာသားတွေနဲ့ အာဆင်နယ်တို့ တခေတ်ဆန်းနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က