ဆူဇူကီးက ပုံမှန်ကစားခွင့်ရရှိလိုတာပါ။

ယူနိုက်တက်တို့ ခေါ်ယူဖို့ သတင်းထွက်နေတဲ့ ဂျပန်ဂိုးသမားလေး ဆူဇူကီးဟာ ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကို ငြင်းဆန်ပယ်ချလိုက်ပြီး လာမယ့် အိုလံပစ်ပွဲမှာ ပါဝင်ကစားဖို့အတွက် လက်ရှိမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိရေးကိုသာ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ ဆူဇူကီးကို အိုနာနာရဲ့ အရန်အဖြစ် ပစ်မှတ်ထားနေတာပါ။



ကစားသမားရဲ့ မိခင်ကလပ် အူရာဝါရက်နဲ့ ယူနိုက်တက်တို့အကြား ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့နေပြီး ယူနိုက်တက်တို့ ဒီဂိုးသမားလေးကို အလွယ်တကူ ခေါ်ယူနိုင်မယ်လို့ အားလုံးက ယူဆခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုအပေါ် စိတ်လှုပ်ရှားခဲ့ကြောင်း ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဆူဇူကီးက လာမယ့်နွေရာသီမှာ ကျင်းပမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အသင်းမှာသာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ ဆူဇူကီးဟာ အဆိုပါပြိုင်ပွဲကြီးမှာ ဂျပန် ယူ-၂၁ ကိုယ်စားပြု ကစားသမားအဖြစ် ပါဝင်ကစားရမှာပါ။

လက်ရှိ ယူနိုက်တက်မှာက အိုနာနာ၊ ဟန်ဒါဆန်၊ ဟီတန်တို့ရှိနေပြီး ဆူဇူကီးသာ ရောက်ရှိလာခဲ့ရင် ဂိုးသမားအင်အားက လေးယောက်အထိ ဖြစ်လာခဲ့မှာပါ။ ဆူဇူကီးကတော့ အိုနာနာရဲ့နောက် အရန်ခုံမှာသာ ထိုင်နေရမယ့် အခြေအနေမျိုးကို မလိုလားတာကြောင့် အခုလိုမျိုးပဲ ယူနိုကတက်ကို ငြင်းပယ်ခဲ့တာဖြစ်ကြောင်း ဂျပန်အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆူဇူကီးကို ခေါ်ယူဖို့ ကြိုးစားမှု အဆင်မပြေခဲ့ရင် နောက်ထပ် ဂိုးသမားတွေအဖြစ် ဒိုင်နမိုဇာဂရက်ရဲ့ လီဗာကိုဗစ်၊ ဖီယင်နုဂိုးသမား ဘစ်ချ်လိုတို့ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားသွားဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်တို့ တိုက်စစ်မှူးနေရာကို အားဖြည့်ဖို့ ဦးစားပေး ကြိုးစားနေပြီး အဲ့ဒီနောက်မှသာ အရန်ဂိုးသမားနေရာအတွက် ဆက်လက် ကြိုးစားသွားဖွယ်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က