အရင်က ယန်း ၁၀၀၀၀ ထက် မကျော်တဲ့ ဒဏ်ငွေ (သို့) ရက် ၃၀ ထက်မများတဲ့ ထောင်ဒဏ်ချဖို့ လုပ်ခဲ့တာပါ

ဆိုင်ဘာအနိုင်ကျင့်မှုလို့ ခေါ်ကြတဲ့ အွန်လိုင်းပေါ် နိုင့်ထက်စီးနင်း စော်ကားမှုလုပ်သူတွေကို ပိုပြီး ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ဂျပန်နိုင်ငံဟာ Cyberbully ဥပဒေကို ပြင်ဆင်မှုလုပ်ခဲ့ပါတယ်။ 

ကြာသာပတေးနေ့မနက်မှာ အသက်ဝင်လာတဲ့ Cyberbully ဥပဒေပြင်ဆင်မှုအရ တစ်စုံတစ်ယောက်ကို အွန်လိုင်းပေါ်ကနေ နစ်နာအောင် ပြောဆိုမှုလုပ်သူကို ၁ နှစ်အထိ ထောင်ချနိုင်တော့မှာ ဖြစ်ပါတယ်။ အရင် ပြစ်မှုကျင့်ထုံးအရ အွန်လိုင်းအနိုင်ကျင့်မှုအတွက် ယန်း ၁၀၀၀၀ ထက် မကျော်တဲ့ ဒဏ်ငွေဖြစ်စေ ရက် ၃၀ ထက် မများတဲ့ ထောင်ဒဏ်ဖြစ်စေ သတ်မှတ်ထားတာပါ။ 



Photo : SCMP


အသစ်ပြင်လိုက်တဲ့ ကျင့်ထုံးမှာတော့ ယန်း ၃ သိန်း (ဒေါ်လာ ၂၂၀၀ ) အထိ ဒဏ်တပ်နိုင်သလို ထောင်ဒဏ်ကိုလည်း ၁ နှစ်အထိ အများဆုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ထိခိုက်နိုင်သလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ သုံးနှစ်အတွင်း ပြန်သုံးသပ်လေ့လာမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်းစော်ကားမှုအဖြစ် ထည့်သွင်းတွက်ချက်ဖို့အတွက် ရှင်းလင်းတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေ မရှိသေးဘူးလို့လည်း ဂျပန်နိုင်ငံက ပြစ်မှုဆိုင်ရာ ရှေ့နေဖြစ်သူ Sehiho Cho က ပြောပါတယ်။ 

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ရုပ်မြင်သံကြားကြယ်ပွင့်တစ်ဦးဖြစ်သူ Hana Kimura တစ်ယောက် အွန်လိုင်းစော်ကားမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီးနောက် နိုင်ငံရဲ့ အာဏာပိုင်တွေဟာ ဆိုင်ဘာအနိုင်ကျင့်မှုကို တိုက်ဖျက်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ Kimura ရဲ့ မိခင်ဖြစ်သူကလည်း သူမရဲ့သမီး ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်အောင် ဖြစ်ခဲ့ရတဲ့ အွန်လိုင်းပေါ်က စော်ကားပြောဆိုမှုတွေကို ထိထိရောက်ရောက် အပြစ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ 

အွန်လိုင်းစော်ကားမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် Hana Kimura (Photo : Engadget)

အသက် ၂၂ နှစ်အရွယ် ပရော်ဖက်ရှင်နယ်နပန်းသမားလည်း ဖြစ် Netflix နာမည်ကျော် Realty Show အစီအစဉ် Terrace House အဖွဲ့ဝင်လည်း ဖြစ်တဲ့ Kimura ဟာ လူမှုကွန်ရက်ပေါ်က မုန်းတီးမှုတွေပါတဲ့ မက်ဆေ့ချ်တွေရပြီးနောက် ၂၀၂၀ မေလထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူမ မသေခင် အွန်လိုင်းပေါ်က စော်ကားရေးသားမှုတွေ လုပ်ခဲ့တဲ့ အိုဆာကာနဲ့ ဖူကူအီစီရင်စုက အမျိုးသားနှစ်ဦးကို တည်ဆဲဥပဒေအရ ယန်း ၉၀၀၀ (မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်) ဒဏ်ရိုက်ခဲ့ပြီး ဒီစီရင်ချက်ဟာ လုံလောက်တဲ့ အရေးယူမှုမဟုတ်ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က