ဂျပန်အာဏာရပါတီ Liberal Democratic Party (LDP) က နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါ (Fumio Kishida) ကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်ရာ ၎င်းဟာ ကမ္ဘာ့တတိယ စီးပွားရေးအင်အားကြီးနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ်လို့ သိရပါတယ်။
ပါတီခေါင်းဆောင် မဲပေးရွေးချယ်ရာမှာ စကားပြောချိုသာတဲ့ အလယ်အလတ်ဝါဒီဖြစ်သူ ကီရှီဒါက အဓိကပြိုင်ဘက် တာရိုကိုနိုကို အနိုင်ရရှိပြီး ဝန်ကြီးချုပ်ယိုရှီဟီဒါဆူဂါ နေရာကိုဆက်ခံကာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမှာပါ။ လက်ရှိဝန်ကြီးချုပ်ယိုရှီဟီဒါက တစ်နှစ်မျှသာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
LDP ခေါင်းဆောင်ရွေးချယ်မှုက ပြီးသွားပါပြီ၊ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုကို ကြည့်ကြတာပေါ့
ယနေ့ (စက်တင်ဘာ ၂၉ ရက်) ပြုလုပ်ခဲ့တဲ့ ပါတီတွင်း ဒုတိယအကျော့ မဲခွဲမှုရလဒ်အရ အသက် ၆၄ နှစ်အရွယ် ကီရှီဟီဒါက ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ကိုနိုကို အနိုင်ခဲ့ပါတယ်။ ဂျပန်အာဏာရပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်နေရာအတွက် အမျိုးသမီး ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ အသက် ၆၀ နှစ်အရွယ် Sanae Takaichi နဲ့ အသက် ၆၁ နှစ်အရွယ် Seiko Noda တို့ကတော့ ပထမအကျော့ မဲခွဲမှုမှာ ရှုံးနိမ့်ခဲ့ပါတယ်။
(Photo: Reuters)
အာဏာရ LDP ပါတီက အောက်လွှတ်တော်မှာ အများစုနေရာရရှိထားခြင်းဖြစ်ရာ ပါတီတွင်း မဲခွဲမှုအရ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူဟာ အောက်တိုဘာ ၄ ရက် လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်ဖြစ်လာရန် သေချာသလောက်နီးပါး ဖြစ်ပါတယ်။
"LDP ခေါင်းဆောင်ရွေးချယ်မှုက ပြီးသွားပါပြီ၊ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုကို ကြည့်ကြတာပေါ့" လို့ ကီရှီဟီဒါက ပြောပါတယ်။ ကီရှီဟီဒါဟာ လွှတ်တော် မဲခွဲဆုံးဖြတ်မှုအရ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရပါက ဂျပန်နိုင်ငံရဲ့ ၁၀၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ အကျပ်အတည်းက ဆက်ရှိနေပါတယ်၊ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်ရေး အပြင်းအထန် အလုပ်လုပ်ဖို့ လိုအပ်ပါတယ်၊ ဒီနှစ်ကုန်မှာ ယန်းငွေ ထရီလီယံနဲ့ချီတဲ့ စီးပွားရေးကုစားမှု အကူအညီတွေ လုပ်ဖို့လိုပါတယ်
"ကျွန်တော်တို့ နိုင်ငံရဲ့ အကျပ်အတည်းက ဆက်ရှိနေပါတယ်၊ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်ရေး အပြင်းအထန် အလုပ်လုပ်ဖို့ လိုအပ်ပါတယ်၊ ဒီနှစ်ကုန်မှာ ယန်းငွေ ထရီလီယံနဲ့ချီတဲ့ စီးပွားရေးကုစားမှု အကူအညီတွေ လုပ်ဖို့လိုပါတယ်" လို့ ၎င်းကဆိုပါတယ်။ ကီရှီဒါဟာ ဂျပန်အစိုးရအဖွဲ့သစ်နဲ့ LDP ပါတီ အလုပ်အမှုဆောင်အဖွဲ့ကို အောက်တိုဘာလ အစောပိုင်းမှာ ဖွဲ့စည်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ဂျပန်ဒေသခံ မီဒီယာတွေက LDP အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ကိုးကားဖော်ပြမှုအရ အောက်လွှတ်တော်ကို အောက်တိုဘာလလယ်ပိုင်းမှာ ဖျက်သိမ်းသွားဖွယ်ရှိပြီး အောက်လွှတ်တော်ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက် သို့မဟုတ် နိုဝင်ဘာ ၁၄ ရက်မှာ ကျင်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဂျပန်အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ်ရန် စီစဥ်ထားတာ ဖြစ်ပါတယ်။
Share