အနည်းဆုံး ၃ ပတ်လောက် အနားယူရလိမ့်မယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းရဲ့ လေ့ကျင့်ရေးမှာ အလွတ်တည်ကန်ဘော လေ့ကျင့်နေချိန်အတွင်း ကြွက်သားဒဏ်ရာ ရရှိသွားတာကြောင့် အနည်းဆုံး ၃ ပတ်လောက် အနားယူရလိမ့်မယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

 


ပြင်သစ်ကွင်းလယ်ကစားသမားဟာ အမေရိကား ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း ဒူးဒဏ်ရာရရှိသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ပြန်လည်ကစားခွင့်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ နောက်ဆုံးမှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ တိုရီနိုအသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ပထမဆုံးပါဝင်ကစားပေးခဲ့တာဖြစ်ပေမယ့် ပြင်သစ်ကွင်းလယ်လူဟာ လေ့ကျင့်ရေးမှာ နောက်ထပ်တစ်ကြိမ် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ဆမ်ဒိုးရီးယားကို တနင်္ဂနွေနေ့က ၄-၂ နဲ့ အနိုင်ရှိခဲ့ပြီးနောက် ပေါ့ဂ်ဘာရဲ့ ဒဏ်ရာသတင်းကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဒီမနက်မှာ ပေါ့ဂ်ဘာက အလွတ်တည်ကန်ဘော လေ့ကျင့်နေခဲ့ပြီး တွယ်ဆက်ကြွက်သားမှာ နာကျင်မှုကို ခံစားခဲ့ရပါတယ်။ သူ မနက်ဖြန်မှာ စမ်းသပ်မှုတွေ ပြုလုပ်သွားမှာပါ။ ဒါပေမယ့် ကျိန်းသေတာကတော့ ကြာသပတေး ဒါမှမဟုတ် လာမယ့် တနင်္ဂနွေနေ့အထိ ကစားနိုင်မှာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီးမှာ သူ့ကို မြင်တွေ့ရမှာပါ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က