စပယ်လက်တီက ပြိုင်ဘက်နည်းပြဆီကနေ လက်ဆွဲနှုတ်ဆက်မှုကို ရယူဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် ဂျူဗင်တပ်နည်းပြနောက်ကို ပြေးလိုက်ခဲ့တာဖြစ်ပါတယ်။

နာပိုလီနည်းပြ လူစီယာနို စပယ်လက်တီဟာ ဂျူဗင်တပ်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မက်စ် အယ်လီဂရီဆီကနေ လက်ဆွဲနှုတ်ဆက်မှုကို ရရှိဖို့ ဇွဲရှိရှိနဲ့ စောင့်ဆိုင်းခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

နေပယ်စ်သားတွေဟာ ဆန် ပါအိုလိုမှာ ဂျူဗင်တပ်အသင်းကို အံ့အားသင့်ဖွယ် နိုင်ပွဲ ရရှိခဲ့ပြီးနောက် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဗစ်တာ အိုဆီမန်က သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ချိန်မှာ ခဗာရက်စခီလီယာ၊ ရာမာနီ၊ အဲလ်မက်စ်တို့အားလုံးလည်း ဂိုးသွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အိန်ဂျယ် ဒီ မာရီယာက ဂျူဗင်တပ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း နှစ်သိမ့်ဂိုးထက်ပိုပြီး ဘာမှ မဟုတ်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ နာပိုလီနဲ့ပွဲမတိုင်ခင် ပေးဂိုးမရှိ ၈ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း သောကြာနေ့ညမှာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၅ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အယ်လီဂရီဟာ ပွဲပြီးဝီစီမှုတ်ချိန်မှာ ကွင်းထဲမှာ တစ်စက္ကန့်လေးတောင် ရှိမနေချင်ခဲ့ဘဲ ဥမင်လျှောက်လမ်းထဲကို လျင်လျင်မြန်မြန် ဝင်သွားဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နာပိုလီနည်းပြ စပယ်လက်တီက ပြိုင်ဘက်နည်းပြဆီကနေ လက်ဆွဲနှုတ်ဆက်မှုကို ရယူဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် ဂျူဗင်တပ်နည်းပြနောက်ကို ပြေးလိုက်ခဲ့တာဖြစ်ပါတယ်။



စပယ်လက်တီဟာ အယ်လီဂရီနောက်ကို ပြေးမလိုက်ခင်မှာ မယုံနိုင်လောက်အောင် စိတ်ကသိကအောင့်ဖြစ်စရာကောင်းတဲ့ အချိန်ကာလတစ်ခုအထိ လက်ကို ဆန့်ထုတ်ပေးထားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အယ်လီဂရီက နောက်ကနေလိုက်လာတဲ့ နာပိုလီနည်းပြကို လက်ဆွဲနှုတ်ဆက်ပြီးနောက် မျက်နှာကို လက်နဲ့ ပွတ်သပ်ခဲ့တာဖြစ်ပါတယ်။

Share

က္က