ယနေ့ညနေမှာ အက်စ်တန် ဗီလာအသင်းက အန်းဖီးကို လာရောက်ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးလ်ဂန္တဝင်ကွင်းလယ်ကစားသမား စတီဗင် ဂျရတ်ဟာ ၎င်းရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးလ်အသင်းကို ယနေ့ညနေမှာ ရှုံးနိမ့်စေချင်နေမှာဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်က ကြယ်ပွင့်ဟောင်းအနေနဲ့ အနိုင်ယူဖို့ ပြန်လာတယ်ဆိုတာ သတိထားမိနေတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ဟာ စတီဗင် ဂျရတ်ကို လီဗာပူးလ်အကယ်ဒမီမှာ ပထမဆုံးနည်းပြအလုပ်ကို ပေးခဲ့သူဖြစ်ပြီး လီဗာပူးလ်ဂန္တဝင်ကွင်းလယ်ကစားသမားအနေနဲ့ ချစ်မြတ်နိုးခဲ့ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားနိုင်လိမ့်မယ်ဆိုတာကို သံသယမရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ယာဂန် ကလော့ပ်ဟာ စတီဗင် ဂျရတ်လို အခြေအနေမျိုးနဲ့ ကြုံဖူးသူဖြစ်ပြီး မိန့်ဇ်အသင်းအတွက် ကစားသမားအဖြစ်ရော၊ နည်းပြအဖြစ်ပါ တာဝန်ထမ်းဆောင်ပေးခဲ့ပြီးနောက် ဒေါ့မွန်နည်းပြအဖြစ်နဲ့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။



"အဲဒါက ထူးဆန်းပါတယ်။ ခင်ဗျား ကွင်းထဲဝင်လိုက်တာနဲ့ တွေ့တဲ့လူအများစုကို သိနေပြီး အဲဒါက သာမန်ဖြစ်လေ့ရှိတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ခင်ဗျား တနေရာရာကို သွားတဲ့အခါမှာတော့ ယှဉ်ပြိုင်ဖို့က ပိုပြီး လွယ်ကူပါတယ်။ ကျွန်တော် အဲဒါကို ကိုင်တွယ်နိုင်ခဲ့တယ်။ စတီဗီလည်း အဲဒါကို ကိုင်တွယ်နိုင်လိမ့်မယ်။ ကျွန်တော် ဒီရောက်ကတည်းက သူနဲ့ပတ်သက်ပြီး မကောင်းတဲ့စကားတစ်လုံးမှ မကြားခဲ့ဖူးပါဘူး။ သူက အရမ်းကောင်းတဲ့သူဖြစ်ပြီး ဒီကိုလာပြီး ဘောလုံးပွဲစဉ်ကို အနိုင်ရရှိချင်မှာပါ"

"ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်မှာတော့ နှစ်ယောက်စလုံး အရှိန်အဟုန်အပြည့်နဲ့ ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကျွန်တော် မှတ်မိသေးတယ်။ မိန့်ဇ်မှာ ဒေါ့မွန်အသင်းအတွက် ကျွန်တော်တို့ ဂိုးရခဲ့တဲ့အချိန်မှာ မိန့်ဇ်အသင်းမှာ ရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းတွေအားလုံးကို မေ့သွားခဲ့ပြီး ဘီလူးသရဲစီးသလိုမျိုးကို အောင်ပွဲခံခဲ့မိပါတယ်။ သူလည်း အဲဒီလို လုပ်ခွင့် ရှိပါတယ်"

"ပထမဆုံးစက္ကန့်ကနေ နောက်ဆုံးစက္ကန့်အထိ ခင်ဗျား ပွဲစဉ်အကြောင်းကို စဉ်းစားနေမှာပါ။ ခင်ဗျား အဲဒီပွဲကို ကစားပြီးတဲ့နောက်မှာတော့ ခင်ဗျားကို အိမ်ကို ပြန်ရောက်နေတယ်။ အဲဒါက ကွဲပြားခြားနားတယ်လို့ ခံစားရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က