ယူနိုက်တက်တို့ ဗီလာကို သရေကျသွားခဲ့တာပါ။

ယူနိုက်တက်က ဒီပွဲမှာလည်း အဓိက,ကစားသမား စုံစုံလင်လင်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂျရတ်ရဲ့ဗီလာကလည်း မာတီနက်ဇ်၊ တိုင်ရွန်မင့်စ်၊ ဒစ်ဂ်နေး၊ ကော်တင်ဟို၊ ဝက်ကင်းစ်၊ ဒန်နီအင့်စ်တို့နဲ့ လူစုံခဲ့ပါတယ်။ ကွင်းမျက်နှာပြင်အနေအထား ပျက်စီးနေတာကိုလည်း မြင်တွေ့ခဲ့ရပြီး နှစ်သင်းလုံးအတွက် အချို့အခိုက်အတန့်တွေမှာ လိုသလိုမဖြစ်ခဲ့တာတွေရှိပါတယ်။



ယူနိုက်တက်ကတော့ ထုံးစံအတိုင်း အခွင့်အရေးပိုရခဲ့ပြီး မက်ဂွိုင်းရားရဲ့ခေါင်းတိုက်ချက်ကို မာတီနက်ဇ် ပုတ်ထုတ်ခဲ့တာ၊ ရပ်ရှ်ဖို့ဒ်ရဲ့ ကန်ချက် ဂိုးဘေးကပ်ထွက်တာတို့ကြောင့်သာ ယူနိုက်တက်တို့ ပထမပိုင်းမှာ နှစ်ဂိုးသာရရှိခဲ့တာပါ။

ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှောတို့ရဲ့တွဲလုံးကတဆင့် ဆန်ချိုက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ဆန်ချိုရဲ့ ဖန်တီးပေးမှုကတဆင့် ရပ်ရှ်ဖို့ဒ်ရဲ့ အဆုံးသတ်ကန်ချက်က ဗီလာနောက်ခံလူ ကက်ချ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာကပဲ လူအပြောင်းအလဲလုပ်ခဲ့ပြီး ယူနိုက်တက်က ပထမပိုင်းလူစာရင်းအတိုင်းပဲ ဆက်ကစားခဲ့ပါတယ်။ ဗီလာဘက်က လီယွန်ဘိုင်လီ ဗီလာအတွက် ချေပဂိုးတဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဗီလာက ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဗီလာကစားသမားတွေ နှောင့်နှေးတာ၊ မက်ဂွိုင်းရားအပါအဝင် ယူနိုက်တက်နောက်တန်းနဲ့ ဒီဂီယာတို့ အမှားအယွင်းမရှိခဲ့တာကြောင့် ချေပဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဒီဂီယာကလွဲလို့ ကစားသမား (၁၀) ယောက်လုံး လူစားလဲခဲ့ပြီး ဟန်နီဘယ်လ်၊ ဇီဒန်းအစ်ဘယ်လ်၊ ဂျိမ်းစ်ဂါနာ၊ တာဟစ်ချောင်၊ မာလာစီယာတို့ လူစားဝင်ကစားခဲ့ပါတယ်။ ပွဲပြီးခါနီးလေ၊ ဗီလာက ချေပဂိုးရဖို့ ပိုမိုဖိအားပေးလာခဲ့ပြီး နောက်ဆုံးမိနစ်မှာတော့ ဗီလာရဲ့ လူစားဝင်ကစားသမား ချန်ဘာစ်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရပြီး တဖက်နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ရပါတယ်။  

Share

Loading Next Article...
က္က