လွမ်းနေတာတွေအများကြီးပဲ။

စန္ဒီမြင့်လွင်က ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်မှာ သူလွမ်းနေတဲ့အရာလေးတွေကို ရင်ဖွင့်ထားတာဖြစ်ပါတယ်။ အရင်လို စီးနေကျ ဒေါက်ဖိနပ်အမြင့်ကြီးကိုလွမ်းတယ် ဆိုတာလည်း ပါပါသေးတယ်။

 

Photo : စန္ဒီမြင့်လွင်

မကြာခင် လပိုင်းလောက်မှာ သမီးဦးလေး မွေးတော့မယ့် စန္ဒီမြင့်လွင်က အပျိုတုန်းက စီးနေကျ ဒေါက်ဖိနပ်တွေ၊ ဝတ်နေကျ ဘောင်းဘီအကျပ်တွေနဲ့ သွားနေကျ Gym ကို လွမ်းနေတယ်လို့ ဆိုပါတယ်။ သူအမြဲသောက်နေကျ ကော်ဖီကိုလည်း အရမ်းလွယ်တယ်ဆိုပြီး ပြောထားပါတယ်။

စီးနေ ကျဒေါက်ဖိနပ်အမြင့်ကြီးလွမ်းတယ်ဝတ်နေကျ ဘောင်းဘီအကျပ်တွေလွမ်းတယ်ဝတ်နေကျ အပေါ်ထပ်ကုတ်အင်ကျီတွေလွမ်းတယ်ဆိုးနေကျဆံပင်အရောင်တွေလွမ်းတယ်သောက်နေကျကော်ဖီအရမ်းလွမ်းတယ်၊ စတိတ်စင်ရိူးပွဲတွေအရမ်းလွမ်းတယ်၊ တူတူသွားနေကျရိူးပွဲတူတူဆိုနေကျသူငယ်ချင်းတွေလွမ်းတယ်။ သွားနေကျ gym တွေလွမ်းတယ် gym ကသူငယ်ချင်းတွေလဲလွမ်းတယ်” ဆိုပြီး မေလ(၂၄) ရက်နေ့က စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စန္ဒီမြင့်လွင်

သူမလွမ်းတဲ့အရာလေးတွေက သမီးလေး မွေးပြီးလို့ သမီးလေးမျက်နှာမြင်ရင် ပျောက်သွားမယ်ဆိုတာ သိပါတယ်တဲ့။ “ဒါတွေအားလုံးသမီးလေးမွေးပီးရင်သမီးလေးမျက်နှာမြင်တာနဲ့ပျောက်သွားမှာဆိုတာသိပေမဲ့လဲ မသိဘူးလွမ်းတယ်” လို့ သူမက ပြောထားပါတယ်။ အဆိုတော် စန္ဒီမြင့်လွင်က သမီးဦးလေးကို ဇွန်လကုန်ပိုင်းလောက်မှာ မွေးဖွားတော့မှာပါ။

Photo : စန္ဒီမြင့်လွင်

 မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo : စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။

Share

က္က