အရမ်းမိုက်တဲ့ကောင်မလေးတွေ မရှိသေးဘူး။

တိုင်ရွန်ကတော့ Gym ကစားပြီး "မ" ချင်တဲ့သူက Crush ရတဲ့ ကောင်မလေးကိုပဲ "မ" ချင်တဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Tyron



တိုင်ရွန်ကတော့ သူငယ်ချင်းဖြစ်သူ ထူးအောင်လို ကောင်မလေး နှစ်ယောက်ကို “မ” ပြဖို့ လူမတွေ့သေးဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်သဘောကျမိတဲ့ မိန်းကလေးကို တွေ့ရင်တော့ သေချာ ကြိုးစားသွားမယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ထူးအောင်လို မိန်းကလေးနှစ်ယောက် “မ”ပြဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ကိုယ်ကကျတော့ အဲဒီလောက်အထိလည်း မ “မ”နိုင်သေးဘူးလေ။ ကျွန်တော် “မ”ပြလောက်တဲ့အထိ Crush ရတဲ့ ကောင်မလေး မတွေ့တာလည်း ပါမှာပေါ့နော်။ Crush ရတဲ့ကောင်မလေးရှိလာရင်လည်း အရိုးထဲက အားတွေ ထွက်လာမှာပေါ့။ အရမ်းမိုက်တဲ့ စကီလေးနှစ်ယောက်ဆိုရင်တော့ သေရင် သေသွားပါ စေ “မ” ပြလိုက်မယ်။ အဲဒီအခါကျရင်တော့ ၅ ယောက်မက ၁၀ ယောက်ဆိုလည်း “မ”ပြလိုက်မယ် ” ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ပြောပြလာပါတယ်။ 

Photo: Tyron

အခုဆိုရင်တော့ တိုင်ရွန်က ဗီယက်နမ်နိုင်ငံက ကောင်မလေးတွေကို သဘောကျနေမိတယ်လို့ ဆိုလာပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစား ထိန်းသိမ်းမှုကလည်း တကယ်ကို လေးစားစရာကောင်းတယ်လို့ ပြောပြခဲ့ပါတယ်။ 

“ လောလောဆယ်တော့ ကျွန်တော့် နှာခေါင်းက ကမ္ဘာပတ်နေတယ်။ ဗီယက်နမ်က ကောင်မလေးတွေကို Follow လုပ်ထားတယ်။ သူတို့ဘက်က Fitness Girl တွေ အရမ်းမိုက်တယ်။ အစားအသောက်တွေဆိုရင်လည်း စနစ်တကျစားတယ်။ ခန္ဓာကိုယ်ကို ထိန်းသိမ်းတယ်။ အနုပညာရှင်တောင် မဟုတ်ဘူးနော်။ ဒါကြောင့် လေးလည်း လေးစားတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အဲဒီလို ခန္ဓာကိုယ်တွေကို ထိန်းသိမ်းစေချင်တယ်” လို့ မတ်လ ၂၈ ရက်နေ့က “ပဲ့တင်သံ” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 


Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က