၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားမှုနည်း ပြန်လည်မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1N1 ရောဂါ ဖြစ်ပွားမှုမှာ ဓာတ်ခွဲအတည်ပြုချက်အရ ရောဂါပိုးရှိသူ ၅၈၀ ဦးအထိရှိနေပြီလို့လည်းသိရပါတယ်။


ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သြဂုတ်လ ၂၃ ရက်အထိ သေဆုံးသူ ၁၀၂ ဦး အထိရှိနေပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းမှာတော့ ဖြစ်ပွားသူ ၂၆၄  ဦးအထိရှိနေပြီး သေဆုံးသူ ၆၆ ဦး ရှိနေတာကြောင့် ဖြစ်ပွားမှု အများဆုံး ဒေသတစ်ခုဖြစ်နေပါတယ်။ ဧရာဝတီတိုင်းမှာ ဖြစ်ပွားသူ ၅၅ ဦး၊ သေဆုံးသူ ၁၃ ဦး၊ ပဲခူးတိုင်းမှာ ၃၅ ဦး သေဆုံးသူ ၉ ဦး၊ ကချင်ပြည်နယ်မှာ ဖြစ်ပွားသူ ၃၁ ဦး၊ သေဆုံးသူ ၁ ဦး ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားသူ ၃၀ ဦး၊ သေဆုံးသူ ၂ ဦး၊ မကွေးတိုင်းမှာ ဖြစ်ပွားသူ ၂၇ ဦး၊ သေဆုံးသူ ၃ ဦး၊ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားသူ ၁၃ ဦး၊ သေဆုံးသူ ၃ ဦး တို့ရှိနေတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်နယ်မှာ ၁၁ ဦး၊ သေဆုံးသူ ၃ ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၉ ဦး၊ သေဆုံးသူ ၁ ဦး ၊ တနင်္သာရီတိုင်းမှာ ၄ ဦး ၊ သေဆုံးသူ ၁ ဦး ရှိခဲ့ပါတယ်။

ကရင်ပြည်နယ်မှာ ဖြစ်ပွားသူ ၁၁ ဦး၊ မန္တလေးတိုင်းမှာ ၉ ဦး၊ ကယားပြည်နယ်မှာ ၉ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၄ ဦး၊ နေပြည်တော်မှာ ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ပြီး အဆိုပါဒေသတွေမှာတော့ သေဆုံးသူမရှိခဲ့ပါဘူး။ ဒါ့အပြင် ချင်းပြည်နယ်မှာတော့ H1N1 ရောဂါဖြစ်ပွားမှု အခြေအနေလုံးဝမရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ H1N1 ရောဂါ ဖြစ်ပွားမှု ကို ကြိုတင်ကာကွယ်နိုင်ရန် ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့စီစဉ်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောကြားထားပါတယ်။

'' ဝန်ကြီးဌာနအနေနဲ့ အသိပညာပေးမှုတွေဆက်တိုက်လုပ်နေပါတယ်။ အခုဆိုရင် ဦးစားပေးရမယ့်လူတွေကို ကာကွယ်ဆေးထိုးနှံပေးမှာပါ။ ဒီရောဂါက လူတိုင်း ကာကွယ်ဆေးထိုးဖို့တော့မလိုပါဘူး။ '' လို့ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။ H1N1 ရောဂါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦး ၊ သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး ကပ်ရောဂါအသွင်လို့ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၁၃ ဦးသာ ရှိခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားမှုနည်း ပြန်လည်မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က