ရောဂါဖြစ်ပွားသူ ၃၂၉ ရှိနေပါတယ်။

H1N1ဖြစ်ပွားနေတယ်လို့ အတည်ပြုပြီးသူ ၃၂၉ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈၅ ယောက်ဖြစ်ပွားနေပါတယ်။

Photo - FFSS

ရာသီတုတ်ကွေးရောဂါ H1N1 ကြောင့် ၂ ရက်အတွင်း ထပ်မံသေဆုံးသူ ၇ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ H1N1 ရောဂါနဲ့ သေဆုံးမှုဟာ ၅၆ ဦးအထိသာ ရှိခဲ့ပေမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ သေဆုံသူ ၆၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

ိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဖြစ်ပွား၊ သေဆုံး စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၄ ဦး၊ ကချင်ပြည်နယ်မှာ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၃၊ မကွေးတိုင်းဒေသကြီးမှာ ၁ ဦးသေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo - FFSS

ရာဂါဖြစ်ပွားမှုသံသယရှိသူ ၇၆၃ ယောက်ကို စစ်ဆေးရာမှာ ဖြစ်ပွားနေတယ်လို့ အတည်ပြုပြီးသူ ၃၂၉ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈၅ ယောက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနေသူအများစုဟာ ကလေးတွေနဲ့ နာတာရှည်ရောဂါဖြစ်ပွားသူတွေလို့ ဆိုပါတယ်။

H1N1 ကြောင့် သေဆုံးသူတွေဟာ နာတာရှည်ရောဂါရှိနေကြသူတွေဖြစ်ပြီး ရောဂါလက္ခဏာတွေဖြစ်ပွားနေပေမယ့် ဆေးရုံကို ရောက်ရှိဖို့ နောက်ကျသူတွေဖြစ်ကြတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ပွားနေမှုကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး အသိပညာပေးမှုတွေနဲ့ ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကိုပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo - FFSS

H1N1ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။လူလူချင်းသာ ကူးစက်ပါတယ်။

ရောဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာ ကူးစက်ရောက်ရှိနိုင်ပါတယ်။

Share

Loading Next Article...
က္က