ရန်ကုန်မြို့က အများဆုံးသေဆုံးနေပါတယ်။
H1N1 ဖြစ်ပွားနှုန်းနဲ့ သေဆုံးသူဦးရေပါ တရိပ်ရိပ် မြင့်တက်လာတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး အသိပညာပေးမှုတွေနဲ့ ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

photo- Myanmar CDC

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဇူလိုင်လ(၂၅)ရက်နေ့ထိ သေဆုံးသူ (၇၂)ဦးရှိကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ(၂၅)ရက် ညနေ(၄)နာရီဝန်းကျင်မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ (၂၅)ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူ (၇၂)ဦးရှိခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၂၀၉)ဦးရှိပြီးသေဆုံးသူ (၅၆)ဦးရှိနေပါပြီ။ ဒုတိယအများစုကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၃၄)ရှိပြီး သေဆုံးသူ (၅)ဦးရှိနေပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ဖြစ်ပွားသူ (၃၈၉)ဦးထိရှိကြောင်းကိုလည်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ H1N1ကို မေလလောက်ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ပွားသူနှုန်းရော သေဆုံးသူဦးရေပါ တရိပ်ရိပ် မြင့်တက်လာရာမှာ အခုဆိုရင် ဖြစ်ပွားသူဦးရေက (၄၀၀)နီးပါးရှိလာခဲ့ပါတယ်။ ဒီလို ဖြစ်ပွားနေမှုကြောင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး အသိပညာပေးမှုတွေနဲ့ ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က