ဟာလန်းတို့ သားအဖနှစ်ယောက် ဟာသလုပ်နောက်ပြောင်နေခဲ့တာပါ။

မန်စီးတီးဟာ ဟာလန်းကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့တနင်္လာက တရားဝင်ကြေညာခဲ့ပါတယ်။ အာလင်းရဲ့အဖေ အယ်လ်ဖီဟာလန်းကလည်း မန်စီးတီးကစားသမားဟောင်းတယောက်ဖြစ်ပြီး အခုသားဖြစ်သူကပါ မန်စီးတီးမှာ ဆက်လက်ကစားတော့မှာပါ။



အယ်လ်ဖီဟာလန်းဟာ (၂၀၀၃) မှာ မန်စီးတီးကမထွက်ခွာခင် မန်စီးတီးကစားသမားအဖြစ် (၃) နှစ်ကြာ ကစားခဲ့ပြီး ဖခင်ဖြစ်သူ အသင်းက ထွက်ခွာပြီး (၁၉) နှစ်အကြာမှာတော့ သားဖြစ်သူဟာလန်းက မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ဟာလန်းအသင်းကိုရောက်ရှိလာတဲ့ (၁၄) မိနစ်စာ ဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး ဟာလန်းရဲ့ မန်စီးတီးကစားသမားဘဝ ပထမဆုံးအခိုက်အတန့်တွေကို ပရိသတ်တွေ ခံစားခွင့်ရခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ ဟာလန်းက သူ့အဖေအတွက် မန်စီးတီးဂျာစီလက်ဆောင်ပေးနေတဲ့ ပုံရိပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဆိုဖာတလုံးမှာ သားအဖနှစ်ယောက် အတူတူထိုင်နေရင်း ဟာလန်းက အယ်လ်ဖီဟာလန်းဆီ “Son” လို့ နာမည်ရေးထိုးထားတဲ့ (မြန်မာလို ‘သား’ လို့ အဓိပ္ပာယ်ရ) သူ့ရဲ့ မန်စီးတီးဂျာစီ လက်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီအခိုက်အတန့်က အယ်လ်ဖီအတွက် တော်တော်လေးကို ပြောင်မြောက်တဲ့ ဟာသတခုကို အကြံရစေခဲ့ပါတယ်။

အယ်လ်ဖီက “ကျေးဇူးတင်ပါတယ် ငါ့သား။ ဒါပေမယ့် ဆွန်ဟောင်မင်က မန်စီးတီးအတွက် မကစားဘူးလေ” လို့ ဟာသလုပ်နောက်ပြောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဟာလန်းကလည်း ရယ်မောရင်းနဲ့ပဲ “ဆွန်ဟောင်မင်က မန်စီးတီးအတွက် မကစားဘူး” လို့ လိုက်ပါပြောဆိုခဲ့တာဖြစ်ပါတယ်။



ဒီဗီဒီယိုကတော့ ပရိသတ်တွေအကြားထဲ ရေပန်းစားနေပြီး အများစုကလည်း သားအဖနှစ်ယောက်ကြား ဒီလိုဟာသလုပ်ခဲ့တာကို ကြည်နူးပျော်ရွှင်ပေးနေကြပါတယ်။ ဟာလန်းဟာ မန်စီးတီးရဲ့ ရာသီကြိုခြေစမ်းပွဲတွေတည်းက စတင်ပူးပေါင်းဖို့ရှိနေပြီး လာမယ့်ရာသီမှာ ဂွါဒီယိုလာအတွက် အဓိကအားကိုးရတဲ့ တိုက်စစ်မှူးတယောက်ဖြစ်လာနိုင်ပါတယ်။ 

Share

Loading Next Article...
က္က