ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့သူပါ။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့တဲ့ ရှာခါရဲ့အသင်းခေါင်းဆောင်ရာထူးကို အော်ဘာမီယန်းကို လွှဲပြောင်းတာဝန်ပေးလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်ကြယ်ပွင့် ရှာခါဟာ ပြီးခဲ့တဲ့လက ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ပွဲစဉ်တလျှောက် လှောင်ပြောင်နေကြတဲဲ့ ပရိသတ်တွေဘက် နားစွင့်တဲ့အမူအရာ လုပ်ပြခဲ့ပြီးနောက် လဲသေလိုက်ကြလို့ တုံ့ပြန်ပြီး ဥမင်လျှောက်လမ်းအတွင်းကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။



ရှာခါဟာ ယင်းဖြစ်စဉ်နောက်ပိုင်း လီဗာပူးအသင်းနဲ့ ကစားခဲ့တဲ့ ကရာဘောင်ပွဲစဉ်၊ ဝုဗ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ယနေ့ညမှာ ဗစ်တိုးရီးယားနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် လူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ရှာခါကို အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်ပစ်ဖို့ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေဝင်နေတဲ့ နည်းပြအမ်မရီကို ဖိအားပေးခဲ့ကြပြီး အစပိုင်းမှာတော့ အမ်မရီဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှာခါကို အပြစ်ပေးမှုပြုလုပ်ဖို့ ဆွေးနွေးမှုတစ်စုံတရာပြုလုပ်လိုခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီတလျှောက်လုံး ရှာခါကို အသင်းခေါင်းဆောင်ရာထူးအတွက် မဲပေးခဲ့ကြတဲ့ ကစားသမားတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးနောက်မှာတော့ အမ်မရီဟာ ရှာခါရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို အော်ဘာမီယန်းကို လွှဲပြောင်းတာဝန်ယူစေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူနဲ့ ဒီနေ့မနက်မှာ စကားပြောခဲ့ပြီး သူက ကျွန်တော်တို့အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ဦးမဟုတ်တော့ဘူးဆိုတာကိုလည်း ကျွန်တော် ဆုံးဖြတ်ပေးခဲ့ပါတယ်။ ကျွန်တော် အဲဒါကို ဆုံးဖြတ်ပြီး သူ့ကို ဒီမနက်မှာ ပြောလိုက်တာပါ”

“သူက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို လက်ခံပါတယ်။ ပြီးတော့ ဒီဆုံးဖြတ်ချက်ကို အခြားအသင်းခေါင်းဆောင်တွေကိုလည်း ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်ကြိုးစားပြီး မနက်ဖြန်အတွက်နဲ့ လာမယ့်စနေနေ့အတွက် အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဆုံးဖြတ်ချက်ချဖို့ လိုအပ်ခဲ့ပြီး အခု အဲဒီဆုံးဖြတ်ချက် ချပြီးပါပြီ”လို့ ဗစ်တိုးရီးယားနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ အင်္ဂါနေ့ညနေက ပြောကြားသွားခဲ့ပါတယ်။

Share

က္က