အပိုဆုကြေးပေးချေမယ့် ကမ်းလှမ်းချက်ပါဝင်နေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်အကြံပေးပီတာဆက်ဟာ ပရီးမီးယားလိဂ်ပွဲတွေပြီးဆုံးပါက ဂျာမနီကိုသွားရောက်ပြီး မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောဖို့လည်းရှိနေတယ်လို့ သိရပါတယ်။


Sky Germany ရဲ့ ဖော်ပြချက်အရ လေဗာကူဆင်ကွင်းလယ်လူကိုင်ဟာဗက်ဇ်ကို ပေါင်သန်း ၇၀ နဲ့ ချယ်လ်ဆီးဘက်က စတင်ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။ အခြားသောသတင်းများကတော့ ချယ်လ်ဆီးဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူထားနိုင်ခဲ့ပြီး လေဗာကူဆင်နဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ရှိတော့တယ်လို့ ဆိုပါတယ်။ 

ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်အကြံပေးပီတာဆက်ဟာ ပရီးမီးယားလိဂ်ပွဲတွေပြီးဆုံးပါက ဂျာမနီကိုသွားရောက်ပြီး မျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောဖို့လည်းရှိနေတယ်လို့ သိရပါတယ်။ လေဗာကူဆင်ကတော့ သူတို့ရဲ့ကစားသမားအတွက် ပေါင်သန်း၉ဝအထိ တောင်းဆိုထားပြီး ချယ်လ်ဆီးက ကနဦးအနေနဲ့ ပေါင်သန်း ၇၀ ပေးချေထားပြီး စွမ်းဆောင်ရည်ပေါ်မူတည်ကာ နောက်ထပ်အပိုဆုကြေးပေးသွားဖို့ ကမ်းလှမ်းထားပါတယ်။ 

ဟာဗက်ဇ်ကိုယ်တိုင်ကလည်း ချယ်လဆ်ီးကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဟာ လိုက်ဇစ်တိုက်စစ်မှူးတီမိုဝါနာ၊ အေ၈ျက်ဇ်တောင်ပံကစားသမားဇီယက်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်ရာသီမှာ လီဗာပူးလ်ကို စိန်ခေါ်နိုင်ဖို့အတွက် အကောင်းဆုံးလူစာရင်းကို ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်၊ ဘာစိလိုနာ နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဟာဗက်ဇ်ကို ခေါ်ယူချင်နေပေမယ့်လည်း လေဗာကူဆင်အသင်းတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးကို မပေးချေနိုင်ဘူးလို့သိရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးက လက်ဦးမှုရရှိဖို့ ရေပန်းစားနေပြီး လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ချေရှိနေတာက ဟာဗက်ဇ်ကို ဆွဲဆောင်နိုင်စွမ်းလည်းရှိနေတာဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်ပြည့်ခါနီးဖြစ်နေပြီပြီဖြစ်တဲ့ ဟာဗက်ဇ်ဟာ လေဗာကူဆင်အတွက် ဒီရာသီမှာ လိဂ်ဂိုး ၁၂ဂိုးနဲ့ ဖန်တီးမှု ၆ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။ ဥရောပရဲ့အထွန်းတောက်ဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ်နဲ့လည်း အသိအမှတ်ပြုခံထားရပြီး ဂျာမနီလက်ရွေးစင်အသင်းကြီးမှာလည်း ပါဝင်ခွင့်ရရှိထားသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က