ဒီပင်နယ်တီနဲ့ အာဆင်နယ်တို့ အဖွင့်ဂိုးရခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ် တိုက်စစ်ကစားသမား ဟာဗက်ဇ် ဒိုင်ဗင်ထိုးခဲ့တယ်ဆိုပြီး ပရိသတ်တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဘုန်းမောက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



အာဆင်နယ်တို့ ပထမပိုင်း ပွဲစချိန်ကတည်းက ဘုန်းမောက်ဘက်ကို အပြင်းအထန် တိုက်စစ်ဆင်ခဲ့ပါတယ်။ အပိုင်အခွင့်အရေးတွေလည်း ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး အဖွင့်ဂိုးရဖို့ တော်တော်လေး စောင့်လိုက်ရပါတယ်။

ဒါပေမယ့် ဟာဗက်ဇ် ဘုန်းမောက်ဂိုးသမားကို ကျော်ဖြတ်ဖို့ ကြိုးစားရင်း လဲကျသွားချိန်မှာတော့ ကွင်းလယ်ဒိုင်က ပင်နယ်တီပေးလိုက်ပါတယ်။ ဒီပင်နယ်တီဖြစ်ရပ်မှာ ဟာဗက်ဇ်က ဘုန်းမောက်ဂိုးသမားနဲ့ တမင်ထိအောင် ရည်ရွယ်ခဲ့တယ်၊ ဒိုင်ဗင်ထိုးခဲ့တယ်လို့ ပရိသတ်တွေက ပြစ်တင်ဝေဖန်နေကြတာပါ။

ပရိသတ်တွေက “VAR က လုံးဝကို ရယ်စရာဖြစ်နေပါပြီ” “ဟာဗက်ဇ်က သူ့ရဲ့ခြေထောက်ကို တမင်ချန်ထားခဲ့ပြီး ဒါက ပင်နယ်တီမဟုတ်ပါဘူး။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကိုလည်း ပြန်မပြင်ခဲ့ကြပါဘူး” လို့ အမျိုးမျိုး မှတ်ချက်ပြုဝေဖန်ခဲ့ကြတာပါ။

မနေ့က မန်စီးတီးပွဲမတိုင်ခင် ကစားခဲ့ရတာကြောင့် အာဆင်နယ်တို့ ဒီပွဲကို အနိုင်ကစားဖို့ အာရုံစိုက်ခဲ့ပြီး ဆာကာရဲ့ ပင်နယ်တီ၊ ထရော့ဆက်ဒ်၊ ဒကလန်ရိုက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ဘုန်းမောက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က