အငြင်းပွားဖွယ်ရာတွေ ဖြစ်ပျက်ခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက မနေ့ညက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးအတွက် VAR ကို အကြီးအကျယ် ဝေဖန်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်တို့ ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တာပါ။



ဒီဂိုးမှာ VAR က ဘောလုံးစည်းကျော်၊ မကျော်၊ လူကျွံ၊ မကျွံ၊ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ခြင်းရှိ၊ မရှိ အစရှိတဲ့အချက်တွေကို ပြန်လည် ဆန်းစစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သုံးချက်စလုံးနဲ့ လွတ်ကင်းသွားခဲ့ပြီး နယူးကာဆယ်တို့ အနိုင်ဂိုး ရရှိခဲ့တာပါ။
အာတီတာက “ရှုံးဖို့ မထိုက်တန်တဲ့ပွဲပါ။ ကျွန်တော်တို့က ဒီပွဲကို ရှက်ဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ပြောရမယ့် ပရီးမီးယားလိဂ်မှာ ဒါမျိုး ဂိုးကို ခွင့်ပြုပေးခဲ့တာက တကယ်ကို ရှက်စရာပါပဲ။ ကျွန်တော် အင်္ဂလန်မှာ နေလိုက်တာ နှစ်ပေါင်း (၂၀) ရှိပါပြီ။ အခုတော့ ဒီကိစ္စကို ရှက်ရွံ့နေရပါတယ်”
“ဒီဆုံးဖြတ်ချက်က ပရီးမီးယားလိဂ်အတွက် ရှိသင့်ရှိထိုက်တဲ့ အဆင့်မျိုးမှာ မဟုတ်ပါဘူး။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဆုံးဖြတ်ချက်တွေမှာ ဂိုးအဖြစ် ခွင့်ပြုတာ လက်ခံပါတယ်။ နောက်ဆုံးတစ်ကြိမ်ကတော့ မဟုတ်ပါဘူး။ ဒါမျိုးဂိုးကို တရုတ်၊ ဂျပန်၊​ အီတလီ၊ ပေါ်တူဂီ၊ စပိန်တို့မှာ မမြင်ဖူးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာပေးလိုက်ရတဲ့ဂိုးအတွက် အာတီတာက ဝေဖန်နေပေမယ့် ပထမပိုင်းမှာ ဟာဗက်ဇ် နယူးကာဆယ် ကစားသမားကို ကစားပုံကြမ်းတမ်းခဲ့တဲ့အကြောင်း ပြောကြားခဲ့ခြင်းမရှိပါဘူး။ ပထမပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုပါဖြစ်ရပ်မှာ ဟာဗက်ဇ်က အဝါကတ်သာ ထိခဲ့ပြီး ဒါကို စောဒကတက်ခဲ့တဲ့ နယူးကာဆယ် ကစားသမား သုံးယောက်အထိ အဝါကတ်ပြသခံခဲ့ရပါတယ်။  

Share

Loading Next Article...
က္က