မနေ့ညက ကစားခဲ့တဲ့ နုရင်ဘတ်နဲ့ အာဆင်နယ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ပထမပိုင်းမှာ ဆာကာရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိုကူနူကီရဲ့ ချေပဂိုးကို ပေးလိုက်ရတာကြောင့် အာဆင်နယ်တို့ နိုင်ပွဲ ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲရဲ့ ဒုတိယပိုင်းမှာ အသစ်ခေါ်ယူထားတဲ့ ဟာဗက်ဇ်ကို လူစားဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာဗက်ဇ်ရဲ့ ခြေစွမ်းပိုင်းက အားရကျေနပ်စရာမရှိဘဲ ပရိသတ်တွေအတွက် စိတ်ပျက်စရာ၊ လှောင်ပြောင်စရာသာ ဖြစ်ခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ ဘောလုံးကို ပထမဆုံး လေထဲ ယှဥ်လုတဲ့နေရာမှာ အသာမရခဲ့သလို ဒဏ်ရာရဟန်လည်း ဆောင်ခဲ့ပါတယ်။
နုရင်ဘတ်လိုအသင်းမျိုးနဲ့ ကစားတဲ့ခြေစမ်းပွဲမှာ ဟာဗက်ဇ်က အချိန်ဆွဲနေတယ်လို့လည်း အဆိုပါ ပရိသတ်က ဗီဒီယိုနဲ့တစ်ကွ ဝေဖန်ခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ ဂိုးဧရိယာထဲမှာ အပိုင်ပိတ်သွင်းခွင့် ရရှိခဲ့တဲ့ တစ်ကြိမ်မှာလည်း ကန်ချက်က ထိရောက်အားပါမှု မရှိခဲ့တာကြောင့် ဘောလုံးက ပြိုင်ဘက်ဂိုးသမားဆီကိုသာ ရောက်ရှိသွားခဲ့ပါတယ်။
ပရိသတ်တွေက “သူ့အတွက် သန်း (၇၀) လောက်ပေးလိုက်ရတာလား?” “ဟာဗက်ဇ်ရဲ့ ဒီပွဲခြေစွမ်းကို ကြည့်ပြီး သူက ချဲလ်ဆီး ကစားသမားမဟုတ်တော့လို့ အာဆင်နယ်ကို ကျေးဇူးတင်ပါတယ်” “သူက ငါတို့ ချဲလ်ဆီးအတွက် မကစားပေးတော့တာကိုပဲ ကျေးဇူးတင်နေပါပြီ။ ဟာဗက်ဇ်ခြေစွမ်း ဘယ်လောက်ဆိုးတယ်ဆိုတာ ဒါက သက်သေပဲ” လို့ အမျိုးမျိုး ဝေဖန်သွားခဲ့ပါတယ်။
ပရိသတ်အချို့ကတော့ ဟာဗက်ဇ်နဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားပေးခဲ့ကြပါတယ်။ အဆိုပါ ပရိသတ်တွေက ဟာဗက်ဇ်ဟာ နေရာယူပုံနဲ့ နေရာလွတ်တွေကို အသုံးချပုံ ကောင်းမွန်ကြောင်း၊ ပြိုင်ဘက် ပင်နယ်တီဧရိယာထဲမှာလည်း အကောင်းဆုံး နေရာယူနိုင်ကြောင်း မှတ်ချက်ပေးရင်း ဟာဗက်ဇ်ကို ကာကွယ်ပေးခဲ့ကြပါတယ်။