မော်လမြိုင်မြို့မှု ဖြစ်ပွါးခဲ့တာပါ။

မော်လမြိုင်မြို့ မှာ မနေ့က နိုဝင်ဘာလ ၂ ရက်နေ့ည ၇ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 



 photo - BoBoWin Emergency

 ဖြစ်စဉ်က မြို့ရှောင်လမ်း မဟာမြိုင် (၁)လမ်းထိပ်မှာ ဟိုက်ဂျက်ကား  နဲ့ဘေးတွဲဆိုင်ကယ် ချိတ်မိပြီး ကားကရှောင်လိုက်ရာမှ လမ်းဘေးရှိ ကွမ်းယာဆိုင်အနီး ခုံတန်းမှာ ထိုင်နေတဲ့ ကိုကျော်ထွန်းဆိုသူကို ဝင်တိုက်မိကာ နေရာမှာပဲပွဲခြင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဒဏ်ရာရသူ နှစ်ဦးကတော့ ဟိုက်ဂျက် ကားမောင်းသူနဲ့ဆိုင်ကယ်သမားတို့ဖြစ်ပြီး ကားလည်း စက်ခေါင်းတစ်ခုလုံးကြေမွသွားတယ်လို့ သိရပါတယ် ။ 

"ဘေးတွဲဆိုင်ကယ်မောင်းသူပွန်းပဲ့ဒဏ်ရာရတယ်၊ ကားမောင်းသူက နဖူးကို မှန်ကွဲစထိမှန်ဒဏ်ရာရတယ်။ရပ်ကွက်နေသူပြောတာကတော့ဆ်ုင်ကယ်နဲ့ချိတ်မိ လို့ရှောင်လိုက်တာမှ ကွမ်းယာဆိုင်ထိုင်နေသူကိုဝင်တိုက်တာ " လို့ မော်လမြိုင်အခြေစိုက် ပရဟိတ သမားတစ်ဦးကပြောပါတယ်။ 

 photo - BoBoWin Emergency

ယာဉ်တိုက်မှုမှာ သေဆုံးခဲ့သူ ကိုကျော်ထွန်းသည် သံပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး သူ့မှာ ဇနီးဖြစ်သူနဲ့ အသက် ၂ နှစ် ၊ ၇ နှစ် အရွယ် သားနှစ်ယောက်ကျန်ခဲ့တယ်လို့ သိရပါတယ်။ 

သေဆုံးသူက ရွှေပြည်အေး ပန်းခြံကုန်း (တောင်၅)လမ်းမှာနေထိုင်ပြီး အသက်(၃၅)နှစ် ဖြစ်ကြောင်း ၊ ရုပ်အလောင်းကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ညကတည်းက ပို့ဆောင်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က