ကမ်းလှမ်းမှုတွေကို လက်ခံရရှိနေဆဲလို့ အေးဂျင့်က ဝန်ခံထားပါတယ်။

ကစားသမားအနေနဲ့ ပုံမှန်ပွဲထွက်ကစားခွင့်ရမယ့် အသင်းကိုပြောင်းရွှေ့လိုနေတယ်လို့ ဝန်ခံပြောဆိုမှုတွေပြုလု ပ်ထားပါတယ်။

ဒေါ့မွန်နောက်ခံလူဟာကီမီကို ခေါ်ယူလိုတဲ့ အသင်းများစွာရှိနေပေမယ့် လာမယ့်အချိန်ကာလအတွင်း မိခင်က ပ်ရီးရဲလ်နဲ့ ဒေါ့မွန်အသင်းတို့ သီးသန့်ဆွေးနွေးမှုများပြုလုပ်ဖို့ရှိနေတယ်လို့ အေးဂျင့်ဖြစ်သူရဲ့ အတည်ပြုမှုကို footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရီးရဲလ်အကယ်ဒမီထွက်ကစားသမားဖြစ်သူ ဟာကီမီအနေနဲ့ ဒေါ့မွန်အသင်းကိုအငှားစာချုပ်နဲ့သွားရောက်ကစား နေခဲ့တာဖြစ်ပြီး ခြေစွမ်းပြကစားနိုင်မှုများကြောင့် ဥရောပထိပ်သီးအသင်းကြီးအချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရ သူလည်းဖြစ်ပါတယ်။



“ စာချုပ်က ရီးရဲလ်နဲ့ဆက်ရှိနေဆဲပါ။ ဒါပေမဲ့ အချိန်ကာလတစ်ခုအတွင်း ဒေါ့မွန်နဲ့ရီးရဲလ် သီးသန့်ဆွေးနွေးမှုရှိ လာနိုင်ပါတယ်။ လက်ရှိကြုံတွေ့နေတဲ့ အခက်အခဲကာလတစ်ခုအပြီး အပြောင်းအရွှေ့အတွက်အတည်ပြုချက် အချို့ရရှိလာနိုင်ပါတယ် ” လို့ ဟာကီမီရဲ့အေးဂျင့် ကာမာနိုက SPOX ကို အတည်ပြုပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိသတင်းဖော်ပြမှုတွေအရ ဟာကီမီအနေနဲ့ ရီးရဲလ်အသင်းမှာ ကာဗာဂျယ်ရဲ့နောက်ဒုတိယဦးစားပေးအဖြ စ်သာကစားရဖို့ှရှိနေတဲ့အတွက် ဒေါ့မွန်အသင်းအပါအဝင်ပုံမှန်ပွဲကစားခွင့်ရမယ့်အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့လိုနေခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ဟာကီမီကို ခေါ်ယူလိုနေတဲ့အသင်းများတွင် လက်ရှိကစားနေတဲ့ ဒေါ့မွန်အသင်းအပါအဝင် ပြင်သစ်ကလပ်ပီအ က်စ်ဂျီ၊ ဂျူဗင်တပ်တို့ကလည်း စိတ်ဝင်စားနေသလို ချဲလ်ဆီးနည်းပြလမ်းပတ်ကလည်း အသင်းခေါင်းဆောင်အ က်စပီလီကွယ်တာနေရာမှာ အစားထိုးဖို့အတွက် စိတ်ဝင်စားမှုရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

Share

Loading Next Article...
က္က