ပရိသတ်အချို့ကတော့ ရည်ရွယ်ချက်ရှိမှုနဲ့ ဖျက်ထုတ်ပုံရဲ့အန္တရာယ်များမှုကြောင့် အဝါကတ်ထက် ပိုမိုခဲ့တယ်လို့ယူဆခဲ့ကြတာဖြစ်ပါတယ်။

အာလင်း ဟာလန်းဟာ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း မိုင်ကိုလန်ကို ကို ကြောက်မက်ဖွယ် ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခြင်းမခံခဲ့ရတာက ကံကောင်းတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ရှိနေတဲ့ကာလအတွင်း ဟာလန်းဟာ ထိလိုက်သမျှအရာတိုင်းကို ရွှေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် အမှားလုပ်မိမယ့်ပုံမျိုး မြင်တွေ့ရခဲတာဖြစ်ပါတယ်။ ဟာလန်းဟာ အင်္ဂလန်မှာရှိနေခဲ့တဲ့ တိုတောင်းတဲ့ ကာလအတွင်း စံချိန်အများအပြားကို ရိုက်ချိုးခဲ့ပြီးဖြစ်ပြီး လိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်ဖို့ အချိန်အားဖြင့် အလျင်မြန်ဆုံးကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ယခုအပတ်မှာ အာလင်း ဟာလန်းဟာ တစ်ရာသီအတွင်း သွင်းဂိုး ၂၀ အလျင်မြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ရာသီတစ်ရာသီအတွင်း သွင်းဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကို ချိုးဖျက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ စနေနေ့ညနေမှာ နော်ဝေတိုက်စစ်မှူးဟာ ၂၁ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာလသာ ရှိသေးပေမယ့်လည်း ဟာလန်းဟာ လိဂ်သမိုင်းမှာ ရွှေဖိနပ်ဆုကို ၄ ကြိမ်အနိုင်ရရှိခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုးဟာ ဒုတိယပိုင်းမှာ ဒီမရိုင်း ဂရေးရဲ့ မယုံနိုင်ဖွယ် ချေပဂိုးကြောင့် သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ရတာဖြစ်ပြီး ပထမပိုင်းနှောင်းပိုင်းမှာ နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးရဲ့ ကျော်ကြားတဲ့ ဖိအားပေးကစားပုံကို ပုံဖော်ဖို့ကြိုးပမ်းခဲ့ရာမှာ မိုင်ကိုလန်ကို ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့မိပါတယ်။ ဟာလန်းရဲ့ ဖျက်ထုတ်မှုဟာ အများကြီး ထိခိုက်မှု မရှိခဲ့ပေမယ့်လည်း ပရိသတ်အချို့ကတော့ ရည်ရွယ်ချက်ရှိမှုနဲ့ ဖျက်ထုတ်ပုံရဲ့အန္တရာယ်များမှုကြောင့် အဝါကတ်ထက် ပိုမိုခဲ့တယ်လို့ယူဆခဲ့ကြတာဖြစ်ပါတယ်။



"ရည်ရွယ်ချက်တစ်ခုတည်းရှိပြီး ကစားသမားကို ရှင်းထုတ်ပစ်ဖို့ပဲ။ ရှပ်လဲပြီး သူ လမ်းလျှောက်သွားတယ်"လု့ိ ပရိသတ်တစ်ဦးက အစ်တီဟတ်မှာ ကစားတဲ့ပွဲဖြစ်တာကြောင့် အိမ်ရှင် သို့မဟုတ် အသင်းကြီးကို ဘက်လိုက်တယ်ဆိုတဲ့သဘောမျိုး ပြောဆိုခဲ့ပြီး "ဟာလန်း အနီကတ်ကနေ လွတ်မြောက်ခဲ့တယ်။ အဲဒါသာ လီဗာပူးလ်ကစားသမားသာ ဖြစ်ခဲ့ရင် ငါတို့တွေ liVARpool ဆိုတဲ့အသံတွေ တစ်နှစ်လုံးကြားနေရတော့မှာ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က