မန်စီးတီး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဒီဘရိုင်းနဲ့ ဒိုကူတို့ဟာ ဖလူမင်နိစ်နဲ့ ကစားမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ဒီကစားသမားသုံးယောက်စလုံးဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အူရာဝါရက်ဒိုင်းမွန်းစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူတို့ သုံးယောက်က အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဖီဖာရဲ့ စည်းမျဉ်းအရ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အသင်းလူစာရင်းအတွက် ပါဝင်ခြင်းမရှိတဲ့ ကစားသမားတွေက ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဟာလန်း၊ ဒီဘရိုင်းနဲ့ ဒိုကူတို့ဟာ ဖလူမင်နိစ်နဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အသီးသီး လွဲချော်သွားမှာပါ။ ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရပြီး အခု ဆော်ဒီမှာမှ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာပါ။
ဟာလန်းကလည်း ဒဏ်ရာပြဿနာကြောင့် ဒီနောက်ပိုင်း မန်စီးတီးရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး အူရာဝါရက်နဲ့ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒိုကူကလည်း ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
မန်စီးတီးဟာ အူရာဝါရက်ကို ကိုဗာဆစ်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းကြီး မာဆယ်လို ပါဝင်ကစားနေတဲ့ ဖလူမင်နိစ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး သူတို့အတွက် ပထမဆုံး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။