နာပိုလီတိုက်စစ်မှူးက ပိုကောင်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူတဦးအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းက အိုဆင်မန်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းထက် ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။ အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအတွက် အလွန်ခြေစွမ်းပြသနေပြီး ၂၈ ပွဲမှာ ၂၃ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ 

အသင်းကို စီးရီးအေအမှတ်ပေးဇယားမှာ ၁၈ မှတ်အသာရပြီး ဦးဆောင်နိုင်အောင်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဥရောပထိပ်တန်းအသင်းအများအပြားက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာယူနိုက်တက်က နွေရာသီပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ဟာလန်းကလည်း ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး လိုက်ပ်ဇစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တာအပါအဝင် ၃၆ ပွဲကစားအပြီးမှာ ၃၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒီဟာမန်းက အိုဆင်မန်ကို ဟာလန်းထက်ပိုပြီး နှစ်ခြိုက်နေပြီး အကြောင်းရင်းကို အခုလိုမျိုး ပြောဆိုခဲ့ပါတယ်။ 

ဒီဒီဟာမန်းက "ကျွန်တော့်အတွက်တော့ အခုအချိန်မှာ အိုဆင်မန်ဟာ ဟာလန်းထက် ပိုပြီးကောင်းတဲ့ ကစားသမားဖြစ်နိုင်ပါတယ်။ ချိတ်ဆက်ကစားရာမှာလည်း ပိုပြီးကောင်းပါတယ်။ ဟာလန်းဟာ မန်စီးတီးမှာ တကယ်ကို အံဝင်၊မဝင်ကို ကျွန်တော်သတိထားခဲ့ပါတယ်။ သူ့ရဲ့ဂိုးသွင်းနှုန်ူးနဲ ကိန်းဂဏန်းကို ကြည့်ရင် လက်ရှိအချိန်မှာ မှားတယ်လို့ သက်သေပြနိုင်ပေမယ့် သူတို့ဟာ ရာသီအကုန်မှာ ဆုဖလားတွေနဲ့ ဝေးကွာသွားနိုင်ပါတယ်"

"သူဟာ ထိပ်တန်းကလပ်တိုင်းကို သွားသင့်တဲ့ ကစားသမားလို့ ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင် အိုဆီမန်ဟာ အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားဖြစ်နေလို့ပါ"လို့ ဆိုခဲ့ပါတယ်။

အိုဆီမန်ကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကို ပြောထားပြီး ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က