ကာဆာနိုကတော့ မော်ရင်ဟိုပြီးတော့ ဟာလန်းဘက် လှည့်သွားပါပြီ။

မော်ရင်ဟိုကို ဘောလုံးအကြောင်း နားမလည်ဘူးလို့ ပြောပြီး ပွဲရှာခဲ့တဲ့ ကာဆာနိုကတော့ အခုအခါမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းကို ထပ်မံပြီး ဝေဖန်ပြောဆိုလိုက်ပါပြီ။ အခုတခါမှာ သူက ဟာလန်းကို ဘောလုံးဘယ်လိုကစားရမလဲဆိုတာ မသိဘူးလို့ ပြောဆိုခဲ့ပြီး ဂိုးတွေပဲ သွင်းနိုင်တာရှိတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

ဟာလန်းက ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄၅ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ အင်္ဂလန်မှာ တရာသီအတွင်း ပြိုင်ပွဲစုံဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမားလည်းဖြစ်လာခဲ့ပြိး မန်စီးတီးကို အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားရအောင် သူ့ သွင်းဂိုးတွေနဲ့ ကူညီပေးနေခဲ့ပါတယ်။ 

ကာဆာနိုက "ဟာလန်းက အင်တာမီလန်မှာ အက်ဒရီယာနိုရှိနေခဲ့တာကို အမှတ်ရမိစေပါတယ်၊ သူက ဇလာတန်နဲ့ အက်ဒရီယာနိုရဲ့ အမြန်နှုန်းမျိုး ရှိတဲ့သူပါ၊ ဒါကို ကျနော်သဘောတူပါတယ်၊ ဇလာတန်က သူ့ထက်နည်းစနစ်ပိုင်းမှာတော့ ပိုသာပါတယ်၊ ပြီးတော့ အက်ဒရီယာနိုနဲ့ ဗီယာရီပေါင်းစပ်ထားတဲ့ ကစားသမားပါပဲ"
"လီဝန်ဒေါစကီး၊ ဘန်ဇီမာတို့က ဘောလုံးကို ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်၊ ဟာလန်းကတော့ ဘောလုံးဘယ်လိုကစားရမလဲဆိုတာကို မသိဘူး၊ ဒါက ဂိုးသွင်းကောင်းတဲ့သူပါ၊ အရမ်းထူးချွန်ပါတယ်၊ ဒါပေမယ့် ဘောလုံးဘယ်လိုကန်ရလဲဆိုတာကိုတော့ သူ မသိပါဘူး" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 


မော်ရင်ဟိုကို ဝေဖန်ခဲ့လို့ ပြန်တုံ့ပြန်ခံခဲ့ရတဲ့ ကာဆာနိုတယောက် ဒီတကြိမ်မှာလည်း ဟာလန်းဆီက ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ရလာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ 

Share

Loading Next Article...
က္က