အဲ့ဒီနောက် ဂွါဒီယိုလာက ရိသဲ့သဲ့ပါ ပြန်ဖြေသွားခဲ့ပါသေးတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်းတစ်ယောက် ပြီးပြည့်စုံတဲ့တိုက်စစ်မှူးဖြစ်ပြီလားလို့ဆိုခဲ့တဲ့ သတင်းထောက်ကို F*** လို့ ပြောဆိုသုံးနှုန်းကာ တုံ့ပြန်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီတစ်ပတ်အစောပိုင်းက ဘေယန်မြူးနစ်ကို ၂-၁ ဂိုးနဲ့ ဂျပန်မြေမှာ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။



ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို ဂိုးသွင်းစံချိန်ပေါင်းများစွာကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ဆုဖလားသုံးလုံးအောင်မြင်မှုအတွက်လည်း ဟာလန်းက အဓိကကျတဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်က ခံစစ်မှူးတိုင်းအတွက် ဟာလန်းက အိပ်မက်ဆိုးဖြစ်ခဲ့တာပါ။

သတင်းထောက်က “သမိုင်းကြောင်းတွေအရ ကစားသမားတစ်ယောက်အနေနဲ့ အသင်းတစ်သင်းမှာ အထိုင်ကျဖို့ အချိန်အတော်လေး ယူရပါတယ်။ ဟာလန်းက တကယ်ကို ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် သူက ရာနှုန်းပြည့်ဖြစ်လာပြီလို့ မထင်သေးပါဘူး။ ခင်ဗျားရဲ့ကစားဟန်မှာ ဟာလန်းကို ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်ဖို့ ဘယ်လောက်လိုသေးလဲ၊ လာမယ့်ရာသီမှာ မန်စီးတီးအတွက် ပိုကောင်းလာဖို့ သူ ဘာတွေ လုပ်ရဦးမလဲ” လို့ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းအပေါ် ဂွါဒီယိုလာက “ဟာလန်းက အသင်းအတွက် ဂိုးပေါင်း (၆၀) ကျော်သွင်းနိုင်မယ်ဆိုရင်တော့ သူက ကျွန်တော်တို့နဲ့ ကောင်းကောင်းအသားကျပြီလို့ ကျွန်တော် ပြောနိုင်ပါတယ်” ဆိုပြီး ခပ်ရွဲ့ရွဲ့ ဖြေဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး အဖြေကို မပေးခင်မှာ ဂွါဒီယိုလာက “F***” လို့လည်း ရေရွတ်သုံးနှုန်းသွားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာက နောက်ဆက်တွဲအဖြေကို မြန်မြန်ဆန်ဆန် ဖြေဆိုသွားခဲ့တာကြောင့် ပြဿနာကြီးကြီးမားမားမရှိခဲ့ဘဲ “ဟာလန်းက အသင်းနဲ့ တကယ်မြန်မြန်ဆန်ဆန် အထိုင်ကျခဲ့ပြီး တကယ်လည်း ကောင်းခဲ့ပါတယ်။ ဘာပြဿနာမှ မရှိပါဘူး” လို့လည်း ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က