သူတို့အတွက် အန္တရာယ်မရှိခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါက မန်ချက်စတာစီးတီးအသင်းဟာ သူတို့အတွက် ဘာအန္တရာယ်မှ မရှိခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ တဂိုးစီသရေကျခဲ့ပြီး ဟာလန်းကတော့ ခြေစွမ်းမပြနိုင်ခဲ့ဘ​ဲ ရူဒီဂါရဲ့ ထိန်းချုပ်မှုအောက်မှာ မလူးသာမလွန့်သာ ရှိနေခဲ့ပါတယ်။ 

မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၁ ဂိုးအထိသွင်းယူထားတဲ့ ဟာလန်းတယောက် ရူဒီဂါရဲ့ အိတ်ကပ်ထဲရောက်နေခဲ့တယ်လို့ ပရိသတ်တွေက ပြောဆိုနေခဲ့ကြပြီး ဂျာမနီသားကိုလည်း ချိးကျူးခဲ့ကြပါတယ်။ ဟာလန်းဟာ ဘောလုံးထိချက် ၂၁ ချက်သာ ရှိခဲ့ပြီး နေရာလွတ်တွေ မရခဲ့တာကြောင့် ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရပါတယ်။ 



ပွဲအပြီးမှာ ရူဒီဂါက "သူတို့တွေ ဂိုးရတာ နည်းနည်းနောက်ကျခဲ့ပါတယ်၊ ကျနော်တို့လည်း ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ၊ ဒါပေမယ့် ဘာပြသနာမှမရှိပါဘူး၊ သရေကျခဲ့ပြီးနောက် မန်ချက်စတာကို ကျနော်တို့ ယုံကြည်မှုအပြည့်နဲ့ သွားမှာပါ၊ နောက်ဆုံးမှာတော့ သူတို့က ဘာအန္တရာယ်မှမရှိခဲ့ပါဘူး၊ ဘောလုံးပိုင်ဆိုင်မှု အများကြီးရခဲ့ပေမယ့် ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပဲလေ"

"ဒါပေမယ့် အန္တရာယ်မရှိခဲ့ပါဘူး၊ သူတို့ရတဲ့ဂိုးကလည်း ဒီဘရိုင်းရဲ့ အရည်အသွေးကြောင့်ပါ၊ ချန်ပီယံလိဂ်ကနေ မန်စီးတီးကို ဖြုတ်ချနိုင်မလားဆိုရင်တော့ ကျနော်တို့က ရီးရဲလ်မက်ဒရစ်ပါ၊ အမြဲတမ်းယုံကြည်မှုရှိပါတယ်" လို့ ရူဒီဂါက ပြောဆိုသွားခဲ့ပါတယ်။ အီတီဟတ်မှာ ကစားရမယ့် ဒုတိယအကျော့ကတော့ ပိုပြီး အကြိတ်အနယ်ရှိလာဖို့လည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က