ဒိနေ့ည ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲကို ကစားရမှာပါ။

ဒီနေ့ည ကစားရမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းဖော်ဟောင်းဟာလန်းကို တားဆီးနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဘီလင်ဟမ်က ပြောဆိုလိုက်ပါတယ်။ ဟာလန်းကတော့ ဒေါ့မွန်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းဟောင်းနဲ့ စောစောစီးစီးပဲ ပြန်လည်တွေ့ဆုံနေရတာဖြစ်ပြီး ဘီလင်ဟမ်က အသင်းဖော်ဟောင်းရဲ့ ခြေစွမ်းကို အထင်ကြီးမှုအပြည့်အ၀ရှိနေတာလည်းဖြစ်ပါတယ်။ 

"သူ့ကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ ကျနော်တကယ်မသိဘူး၊ မနက်ဖြန်မှာ ကျနော်တို့ ဒါကိုအဖြေရှာရမှာပါ၊ တဦးချင်းအနေနဲ့တော့ သူ့ကိုတားဆီးဖို့က မဖြစ်နိုင်ပါဘူး၊ အသင်းလိုက်အနေနဲ့ စုစုစည်းစည်းကစားသွားရမှာပါ၊ ဘောလုံးပိုင်ဆိုင်မှုမရထားချိန်မှာ ကျနော်တို့ မှန်မှန်ကန်ကန်သာ လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ကို တားဆီးဖို့က ဖြစ်နိုင်ပါတယ်၊ အရေးအကြီးဆုံးကတော့ လူတိုင်းပါဝင်နေဖို့ပါ"

"အားလုံးအတူရှိနေဖို့၊ ကွဲပြားအောင်ဖန်တီးပေးဖို့၊ အတူတူ ကျနော်တို့ရင်ဆိုင်ပြီး တမျက်နှာတည်းရှိနေဖို့ အရေးကြီးပါတယ်၊ အဲလိုမှမဟုတ်ရင်တော့ သူတို့က ကျနော်တို့ကို တစစီဆွဲဖြဲသွားလိမ့်၊ သူတို့မှာ အဲဒီလိုအရည်အသွေးရှိနေတာကြောင့်ပါ" လို့ ဘီလင်ဟမ်က ပြောဆိုခဲ့ပါတယ်။ ဟာလန်းကတော့ ဒေါ့မွန်အတွက် ဂိုးအများအပြားသွင်းယူပြီး ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။ 

လက်ရှိရာသီမှာလည်း မန်စီးတီးအတွက်​ တော်တော်လေးခြေစွမ်းပြနေပြီး ဟက်ထရစ်နှစ်ကြိမ်အပါအဝင် သွင်းဂိုး ၁၀ ကျော်အထိ ရရှိထားပြီးဖြစ်ပါတယ်။ ဒီနေ့ညမှာလည်း အသင်းဟေင်းဒေါ့မွန်ဘက်ကို သေချာပေါက်ဂိုးသွင်းနိုင်လိမ့်မယ်လို့ ယုံကြည်ရပြီး ဘယ်နှစ်ဂိုးအထိ သူ သွင်းယူပေးမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 

သူတို့နှစ်သင်းစလုံးဟာ အုပ်စုအဖွင့်ပွဲတွေကို အနိုင်ရရှိထားပြီး နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ဒီပွဲကတော့ အရေးပါနေတာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ဒေါ့မွန်ထက် ကစားသမားအင်အားသာလွန်နေသလို လက်ရှိခြေစွမ်းအရလည်း ပိုမိုကောင်းမွန်နေလို့ အနိုင်ရဖို့ ပိုမိုရေပန်းစားနေပါတယ်။


Share

Loading Next Article...
က္က