အာဆင်နယ်နည်းပြ အာတီတာဟာ မန်ချက်စတာစီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အာလင်း ဟာလန်းကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲဆိုတာကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့မှာ အစ်တီဟတ်ကို လာမယ့် မေလမှာ ကိုင်မြှောက်ရမယ့် ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာတီတာက အဲဒီပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့ရင် စီးတီးအနေနဲ့ အမှတ်ပေးဇယားမှာ ၎င်းတို့ကို ကျော်တက်သွားနိုင်မယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အနိုင် ၃ မှတ်အားလုံးကို ရယူနိုင်ဖို့အတွက် မိနစ် ၉၀ စလုံး မန်ချက်စတာစီးတီး ဂိုးသွင်းစက် ဟာလန်းကို တိတ်ဆိတ်နေအောင် လုပ်ထားရမှာဖြစ်ပြီး ယခုရာသီမှာ အသင်းအနည်းငယ်ကသာ အဲဒါကို လုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ ၄၈ ဂိုးအထိ ထူးထူးခြားခြား သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး သမိုင်းစာအုပ်ထဲက မှတ်တမ်းအားလုံးကို ချိုးဖျက်ဖို့ ပြင်ဆင်နေတာဖြစ်ပေမယ့်လည်း အာဆင်နယ်နည်းပြက အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးကို ကိုင်တွယ်ဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနဲ့ ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက မန်စီးတီးရဲ့ အားနည်းချက်ကို အတည်ပြုနိုင်ခဲ့ပြီး ၎င်းရဲ့အသင်းဟာ ကွင်းထဲက ပြိုင်ဘက်ကစားသမားအားလုံးကို ထိန်းချု့်ထားနိုင်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ သူတို့ရဲ့ ခြိမ်းခြောက်မှုအပေါ်မှာ အလုပ်လုပ်နေသလို သူတို့ရဲ့ အားနည်းချက်တွေအပေါ်မှာလည်း အလုပ်လုပ်နေတယ်ဆိုတာ သိသာပါတယ်။ သူတို့တွေရဲ့ အားနည်းချက်က ဘယ်နေရာမှာ ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ စီးတီးရဲ့ ပြဿနာက ဂိုးသမားနဲ့ စပါတယ်။ ဘောလုံးက သူနဲ့အတူ ရှိနေတဲ့အချိန်မှာ သူတို့တွေက ခြိမ်းခြောက်မှုပါ။ ခင်ဗျား ကစားသမားတိုင်းကို ထိန်းချုပ်ရပါမယ်။”
ဟာလန်းက စီးတီးကို ဘယ်လို ပြောင်းလဲခဲ့လဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ အာတီတာက ဂိုးရှေ့က နော်ဝေတိုက်စစ်မှူးရဲ့ အရည်အချင်းကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
“ခင်ဗျား ကိန်းဂဏန်းတွေကို ကြည့်လိုက်တဲ့အခါမှာ ဘယ်သူနဲ့မှ ယှဉ်လို့မရပါဘူး။ သူက သွင်းဂိုးတွေ သွင်းယူနိုင်တယ်။ ဘာလို့လဲဆိုတော့ ကစားကွက်က သူ့အတွက် မှန်ကန်တဲ့ပုံစံနဲ့ ခင်းကျင်းထားခဲ့လို့ပါ။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကစားသမားတွေ၊ သူ့ကို နည်းပြပေးတဲ့ ပုံစံ၊ သူ့မှာ ရှိတဲ့ အရည်အသွေးတွေကလည်း သိသာပါတယ်။ သူတို့တွေမှာ မတူညီတဲ့ပုံစံအတိုင်း ကစားဖို့ လူအင်အားလည်း ရှိပါတယ်။ဘာလို့လဲဆိုတော့ သူတို့တွေ ခင်ဗျားရဲ့ ဂိုးပေါက်နဲ့ အဝေးကြီးမှာ ကစားနေတဲ့အချိန်မှာ သူတို့တွေက နေရာလွတ်တွေကို အသုံးချနိုင်တဲ့ အစွမ်းရှိပါတယ်။ သူတို့တွေက အသေပိတ်ထားတဲ့ ခံစစ်ကို တိုက်ခိုက်တဲ့အခါမှာ အခု သူတို့မှာ မတူညီတဲ့ ခြိမ်းခြောက်မှုရှိနေပါပြီ။ ဘာလို့လဲဆိုတော့ သူတို့မှာ အရမ်းကို ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့အသင်းရှိနေပြီမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Share