ဟာလန်းကို လှုပ်မရအောင် ထိန်းချုပ်သွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါကတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့စလုံးမှာ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရူဒီဂါဟာ ပထမအကျော့မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာကတည်းက ဒီအကြောင်းကို ပြောခဲ့တာပါ။



ဟာလန်းနဲ့ မန်စီးတီးတိုက်စစ်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာထားကြောင်း ပြောကြားခဲ့ပြီး တကယ်ကစားချိန်မှာလည်း ဟာလန်းက နှစ်ကျော့စလုံး ခြေစွမ်းပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ ဘာနေဗျူးကွင်းမှာလည်း ရူဒီဂါက ဟာလန်းကို အကြိမ်ကြိမ် ဘောလုံးဆုံးရှုံးအောင် ထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။

နှစ်ကျော့ပေါင်းမှာဆိုရင် ဟာလန်းက ဘောလုံးဆုံးရှုံးမှု (၁၄) ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ကျော့စလုံးမှာ ဟာလန်းတစ်ယောက် ဘောလုံးပေးပို့မှုက (၁၁) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး တော်တော်လေး စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသခဲ့တာပါ။

ဟာလန်းရဲ့ ဘောလုံးဆုံးရှုံးမှု အကြိမ်အရေအတွက်က သူ့ရဲ့ ဘောလုံးပေးပို့မှု အကြိမ်အရေအတွက်ထက်တောင် ပိုမိုများပြားနေခဲ့ပြီး လူပိုကြီးတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ ရူဒီဂါဟာ ဟာလန်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ရုံတင်မကဘဲ ပင်နယ်တီ အဆုံးအဖြတ်မှာပါ အစွမ်းပြခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံးပင်နယ်တီကို ဂိုးဝင်အောင်ကန်သွင်းခဲ့ပြီး ရူဒီဂါက ခံစစ်အတွက်ရော၊ ပင်နယ်တီအဆုံးအဖြတ်မှာပါ အစွမ်းပြခဲ့တာဖြစ်ပါတယ်။ ရူဒီဂါရဲ့ စွမ်းဆောင်ရည်ကတော့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်ခဲ့ပြီး သူ့ရဲ့အပြောနဲ့ အလုပ်ကလည်း ထပ်တူကျခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က