ဟာလန်းနဲ့ရင်ဆိုင်ရမယ့်အပေါ် မန်ဒီကပြောကြားခဲ့တာပါ။

ချဲလ်ဆီးဂိုးသမား မန်ဒီက ပြိုင်ဘက် မန်စီးတီးက တိုက်စစ်မှူးဟာလန်းနဲ့ ရင်ဆိုင်ရမယ့်အပေါ်မှာ စကားလုံးစစ်ပွဲဆင်နွှဲသွားခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိနွေရာသီမှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းနဲ့ ရာသီကြိုပွဲစဥ်တွေတည်းက ပူးပေါင်းမှာပါ။



ဟာလန်းဟာ ဂွါဒီယိုလာအလိုရှိနေတဲ့ တိုက်စစ်မှူးတယောက်ဖြစ်ပြီး ဆဲလ်ဘာ့ဂ်၊ ဒေါ့မွန်တို့က သူ့ရဲ့ ဂိုးသွင်းနှုန်းတွေကလည်း လေးစားလောက်စရာ အနေအထားဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး လာမယ့်ရာသီအတွက်လည်း ဟာလန်း၊ အယ်လ်ဗာရက်ဇ်၊ ကီဗင်ဖီးလစ်တို့လို ကစားသမားကောင်းတွေကို အားဖြည့်ထားပါတယ်။

ဂိုးသွင်းကောင်းတဲ့ ဟာလန်းနဲ့ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ဒီဘရိုင်း၊ ဂွန်ဒိုဂန်၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ ပေါင်းစပ်မှုက ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရပ်တန့်လို့မရတဲ့ အသင်းတသင်းဖြစ်လာစေနိုင်တယ်လို့လည်း ပရိသတ်တွေကဆိုနေကြပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဂိုးသမား မန်ဒီကတော့ ဟာလန်းရော၊ မန်စီးတီးကိုပါ စကားလုံးစစ်ပွဲဆင်နွှဲသွားခဲ့ပါတယ်။

မန်ဒီက “ကျနော် ဟာလန်းကိုကြည့်လိုက်ရင် ခရစ္စတယ်ပဲလေ့စ်က ဘန်တီကီကိုကြည့်ရသလိုပါပဲ။ နောက်ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ မန်စီးတီးအကြားမှာလည်း ဘာကွာခြားချက်မှမရှိဘူးလေ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးကိုပါ ဟာလန်းနဲ့တွဲဖက်ပြီး ထိုးနှက်ခဲ့တယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။

ဟာလန်းနဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ မန်စီးတီးပရိသတ်တွေအပါအဝင် ပြိုင်ဘက်အသင်းပရိသတ်တွေကပါ အထင်ကြီးလေးစားနေကြပြီး မျှော်လင့်ချက်တွေလည်း ထားနေကြပါတယ်။ ဒါပေမယ့် မန်ဒီကတော့ ဟာလန်းကို အခုလိုပဲ စိန်ခေါ်လိုက်တာဖြစ်ပြီး မန်စီးတီးနဲ့ချဲလ်ဆီးတွေ့ချိန် ဟာလန်းနဲ့မန်ဒီအားပြိုင်ချိန်မှာ ဘယ်သူအသာရသွားမလဲ စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က