ဟာလန်းရဲ့ ခြေစွမ်းပြနေမှုတွေကြောင့် စက်ရုပ်နဲ့တင်စားပြီး ထည့်မကန်ဖို့ တောင်းဆိုနေကြတာပါ။

မန်စီးတီးနောက်ခံလူလာပေါ့တ်ဟာ ပရီးမီးယားလိဂ်မှာ ဟာလန်းကို ထည့်သွင်းမကစားစေဖို့အတွက် ဗြိတိန်အစိုးရနဲ့ ပါလီမန်အထိကိုပါ တောင်းဆိုမယ့် Campaign နဲ့ပတ်သက်တဲ့ ပုံတပုံကို တွစ်တာမှာ ဟာသလုပ်ပြီး ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြခဲ့ရာမှာ သူက ဟာလန်းရဲ့ အကောင့်ကို Tag လုပ်ခဲ့ပြီး နောက်ပြောင်ကျီစယ်ခဲ့တာလည်းဖြစ်ပါတယ်။ 

အသက် ၂၂ အရွယ်ဟာလန်းဟာ မန်စီးတီးကို ဒီရာသီမှာ ပေါင် ၅၁ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး လိဂ်ပွဲ ၈ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူထားပြီး ဟက်ထရစ် ၃ ကြိမ်အထိ ရရှိထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ဟာလန်းက ၃ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ ပြိုင်ပွဲစုံသွင်းဂိုးက ၁၉ ဂိုးအထိရှိနေကာ စုစုပေါင်းမှ ၁၂ ပွဲသာ ကစားပေးထားရသေးတာဖြစ်ပါတယ်။ 

ဒီလိုခြေစွမ်းပြနေမှုတွေကြောင့် ဟာလန်းက လူသားမဟုတ်ဘဲ စက်ရုပ်တရုပ်ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ စက်ရုပ်တကောင်ကို ထည့်သွင်းမကစားစေဖို့ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ကမ်ပိန်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းကို FA က ပွဲကစားခွင့်ပိတ်ပင်ဖို့ လက်မှတ် ၅၀၀ စုဆောင်းထားရာမှာ ၃၃၉ ဦးအထိက လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ 

ဗြိတိန်အစိုးရနဲ့ ပါလီမန်ကို တောင်းဆိုထားတဲ့ ဟာလန်းကို ပရီးမီးယားလိဂ်ကနေ ဖယ်ရှားပေးဖို့ဆိုတဲ့ တောင်းဆိုမှုမှာတော့ လူပေါင်း ၄ သိန်းကျော် လက်မှတ်ရေးထိုးထားတယ်လို့သိရပြီး အဆိုပါအခြေအနေတွေကို လာပေါ့တ်က ဟာလန်းကိုပြသရင်း နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ဟာလန်းဟက်ထရစ်ရခဲ့အပြီး ရယူခဲ့တဲ့ ဘောလုံးမှာလည်း လာပေါ့တ်က "ငါစာချုပ်တွေပေါ်ထိုးရတဲ့ လက်မှတ်ထက် မင်းဘောလုံးပေါ်ထိုးရတဲ့ လက်မှတ်ကပိုများနေပြီ" လို့ ရေးသားပြီး နောက်ပြောင်ခဲ့ပါသေးတယ်။


ဟာလန်းကတော့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက်လည်း ပြတ်ပြတ်သားသားဦးဆောင်နေပြီး ဒုတိယနေရာက ဟယ်ရီကိန်းထက် ၂ဆီနီးပါး ဂီုးသွင်းယူထားတာဖြစ်ပါတယ်။ လက်ရှိဂိုးသွင်းနှုန်းအတိုင်းဆိုရင် ဟာလန်းက ရာသီကုန်မှာ ၆၇ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်မယ်လို့လည်း တွက်ချက်ထားကြပါတယ်။ 

Share

Loading Next Article...
က္က