အေးဂျင့်ခ ပေါင် ၄၇ သန်းအထိ ရွိုင်အိုလာက အလိုရှိနေပါတယ်။

အီတလီလူမျိုးအေးဂျင့်က သူ့ကစားသမားဟာ လာမယ့်နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာနိုင်တယ်လို့ လေသံပစ်ထားပြီး ထိပ်တန်းကလပ်တွေကို ဆွဲဆောင်ထားပြီးလည်းဖြစ်ပါတယ်။ 


နာမည်ကျော်အေးဂျင့်ရွိုင်အိုလာကတော့ သူ့ရဲ့ကစားသမားဖြစ်သူ ဟာလန်းရဲ့ အပြောင်းအရွှေ့ကနေ ကော်မရှင်ခအနေနဲ့ ပေါင် ၄၇ သန်းအထိ အလိုရှိနေတယ်လို့ ဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ် အီတလီလူမျိုးအေးဂျင့်က သူ့ကစားသမားဟာ လာမယ့်နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာနိုင်တယ်လို့ လေသံပစ်ထားပြီး ထိပ်တန်းကလပ်တွေကို ဆွဲဆောင်ထားပြီးလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ဟာလန်းကို ခေါ်ယူမယ့် အသင်းတွေအနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးအသာထား၊ အေးဂျင့်ခကို အရင်ရှာထားရမယ့် သဘောမှာဖြစ်နေပါတယ်။ အသက် ၂၁နှစ်အရွယ် နော်ဝေတိုက်စစ်မှူးကို ရာသီကုန်မှာ ပေါင် ၆၈ သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမယ့်လည်း အေးဂျင့်ခက အဆိုပါပမာဏရဲ့ ထက်ဝက်ကျော်အထိ ပေးရမှာဖြစ်လို့ စုစုပေါင်း ပေါသန်း ၁၀၀ ကျော်သွားမှာဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ လီဗာပူးလ်၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့လို ထိပ်တန်းကလပ်တွေ ဟာလန်းကို စိတ်ဝင်စားနေကြတာလည်း ရွိုင်အိုလာအတွက် စျေးကိုင်ချင်စရာဖြစ်နေပါတယ်။ အေးဂျင့်ခတင် မြိုးမြိုးမြက်မြက်ရယူဖို့မဟုတ်ဘဲ ရွိုင်အိုလာက ကစားသမားကိုပါ တနှစ်လုပ်ခ ပေါင် ၂၁.၃သန်းအထိ ရရှိစေဖို့ ပြင်ဆင်ပေးထားပြီး နှစ်ဦးနှစ်ဖက် များပြားလှတဲ့အကျိုးအမြတ်ကို ခံစားစေမှာလည်းဖြစ်ပါတယ်။ 

ရွိုင်အိုလာဟာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပေါ့ဂ်ဘာပြောင်းရွှေ့ခဲ့စဉ်ကလည်း အေးဂျင့်ခ ပေါင်သန်း ၄၀ အထိ ရရှိထားခဲ့သူဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူ့အတွက် အချီကြီးရနိုင်မယ့် ဟာလန်းကို အရင်ဆုံးချဉ်းကပ်ကာ သူ့ကစားသမားဖြစ်အောင် စည်းရုံးနိုင်ခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ အေးဂျင့်ခအများဆုံးပေးချေရမယ့် အပြောင်းအရွှေ့ဖြစ်လာအောင် ခြေလှမ်းစနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က