လာမယ့်နွေရာသီမှာခေါ်ယူဖို့ ရီးရဲလ်က ကြံစည်နေတာပါ။

လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဟာလန်းကိုခေါ်ယူခဲ့မယ်ဆိုရင် အသင်းကနေ သူ ထွက်ခွာသွားမယ်လို့ ဘန်ဇီမာက ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီရာသီမှာ ရီးရဲလ်အတွက် ခြေစွမ်းပြနေတဲ့ ပြင်သစ်တိုက်စစ်မှူးက သူ့နေရာကို ခြိမ်းခြောက်လာနိုင်တဲ့ ကစားသမားရောက်ရှိလာမယ့်အပေါ်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် ၃၄ နှစ်အရွယ် ဘန်ဇီမာဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၇ ပွဲကစားပေးထားပြီး ၂၄ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ကတော့ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဘန်ဇီမာနေရာအတွက် ဟာလန်းကိုပစ်မှတ်ထားနေကာ လာမယ့်ရာသီမှာ ခေါ်ယူသွားဖို့အတွက် စောင့်ကြည့်နေပြီး ပြင်သစ်တိုက်စစ်မှူးက ခြိမ်းခြောက်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဟာလန်းကတော့ ဒေါ့မွန်ကနေ သေချာပေါက်ထွက်ခွာဖွယ်ရှီနေတာဖြစ်ပြီး သူ့ကို စာချုပ်ပါလျော်ကြေး ပေါင် ၆၄ သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ကလပ်အသင်းအများအပြားက သူ့ကိုစိတ်ဝင်စားနေပေမယ့် ရီးရဲလ်မက်ဒရစ်က အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိုရင် ဟာလန်းဘက်က ငြင်းဆန်နိုင်ဖွယ်မရှိတာကြောင့် ဘာနေဗျူးကို သူ ရောက်ရှိလာနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ 

ရီးရဲလ်က ဟာလန်းအပြင် ဘတ်ပီကိုလည်း စိတ်ဝင်စားနေပြီး ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရောက်လာမယ်ဆိုရင် ဘန်ဇီမာအတွက်တော့ ပုံမှန်နေရာအတွက် ခြိမ်းခြောက်ခံရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုထွက်ခွာသွားပြီးနောက်ပိုင်း အသင်းတိုက်စစ်ပိုင်းကို ဘန်ဇီမာက အကောင်းဆုံးတာဝန်ယူကာ ခြေစွမ်းပြနေခဲ့ပြီး လက်ရှိမှာ လာလီဂါရဲ့ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ 

အသက်အရွယ်အားဖြင့် ဟာလန်းက သူ့ထက်ပိုမိုငယ်ရွယ်ပြီး ဂိုးသွင်းအားကောင်းမွန်လို့လည်း နံပါတ် ၉ နေရာကို စွန့်လွှတ်ရဖွယ်ရှိတဲ့ အရိပ်အယောင်ကို ဘန်ဇီမာက ကြိုတင်တွက်ဆပြီး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်အနေနဲ့ ဟာလန်းကိုရွေးမလား၊ ဘန်ဇီမာကို ရွေးမလားဆိုတာကို ဆုံးဖြတ်ရတော့မယ်လို့ El Nacional သတင်းဌာနကလည်း ဖော်ြပခဲ့ပါတယ်။            

Share

က္က