ဘလွန်းဒီအောဆု ဘယ်သူရမလဲဆိုတဲ့ မေးခွန်းကို ရင်ဆိုင်ခဲ့ရတာပါ။

မန်စီးတီးနည်းပြဂွါဒီယိုလာက ဘလွန်းဒီအောဆုကို အပိုင်းနှစ်ပိုင်းခွဲခြားထားသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဘလွန်းဒီအောဆုကို ဟာလန်းနဲ့ မက်ဆီမှာ ဘယ်သူဆွတ်ခူးမလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြောဆိုခဲ့တာပါ။ 

ဘလွန်းဒီအောဆုကိုတော့ ၃၀ ရက်နေ့မှာ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး မက်ဆီနဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းတို့က အပြိုင်ဖြစ်နေတာပါ။ ဒီဆုကို မက်ဆီက ရရှိခဲ့ပြီးပြီလို့ စပိန်သတင်းဌာနတွေကတော့ ဖော်ပြထားပြီး အမှန်တကယ်ပဲ သူရခဲ့လား၊ ဒါမှမဟုတ် ဟာလန်းကပဲ သူ့ကို အနိုင်ယူသွားမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

ဂွါဒီယိုလာက "ဘလွန်းဒီအောဆုက အပိုင်းနှစ်ပိုင်း ရှိနေရမှာဗျ၊ တခုက မက်ဆီအတွက်၊ နောက်တခုက အခြားကစားသမားတဦးအတွက်ပေါ့၊ ဒါကြောင့် ဟာလန်းက ဒီဆုကို ရသင့်ပါတယ်၊ ကျနော်တို့က ဖလားသုံးလုံးရခဲ့ပြီး သူက ဂိုးပေါင်း သန်း ၅၀ လောက် သွင်းခဲ့တာပါ၊ မက်ဆီရဲ့ အဆိုးရွားဆုံးဘောလုံးရာသီဆိုတာ ကျန်တဲ့သူတွေရဲ့ အကောင်းဆုံးရာသီလောက်ရှိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ 

စပိန်သားနည်းပြအတွက်တော့ အသင်းဟောင်းဘာစီလိုနာမှာ မက်ဆီက သူ့ရဲ့အားအကိုးရဆုံး ကစားသမားဖြစ်ခဲ့သလို လက်ရှိမှာလည်း ဟာလန်းက သူ့ရဲ့ အားကိုးရတဲ့ တိုက်စစ်မှူးအဖြစ်ရှိနေတာပါ။ ဒါကြောင့် သူက ဘယ်သူဆွတ်ခူးမလဲဆိုတဲ့ မေးခွန်းကို ပါးပါးနပ်နပ်နဲ့ အဖြေပေးသွားခဲ့ပြီး မက်ဆီကိုလည်းချီးကျူးရင်း ဟာလန်းကလည်းက ဆွတ်ခူးသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က