ဘလွန်းဒီအော်နဲ့ရော ဖီဖာအကောင်းဆုံးဆုနဲ့ပါ လွဲချော်ခဲ့တာပါ။

ဘလွန်းဒီအော်၊ ဖီဖာအကောင်းဆုံး ကစားသမားဆုတိုနဲ့ ဆက်တိုက်လွဲချော်ခဲ့တဲ့ ဟာလန်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မျိုးစုံထွက်ပေါ်နေပါတယ်။ ဒီဆုတွေအားလုံးကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကသာ သိမ်းကြုံးရယူခဲ့တာပါ။



မက်ဆီဟာ​ (၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ရရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုပေးပွဲမှာလည်း အကောင်းဆုံး ကစားသမားဆုကို မဲအသာနဲ့ ရရှိခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ဒီဆုတွေကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့်လည်း ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် သွင်းဂိုး (၅၀) အထိ သွင်းယူနိုင်ခဲ့သူပါ။ ဒါ့အပြင် မန်စီးတီးနဲ့အတူ သမိုင်းဝင်အောင်မြင်မှုအဖြစ် တစ်ရာသီအတွင်း ဆုဖလားသုံးလုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
အဲ့ဒါကြောင့်လည်း ပရိသတ်တစ်ယောက်က “ဂွါဒီယိုလာက ဖလားသုံးလုံးရခဲ့လို့ ရှိသမျှ နည်းပြဆုအားလုံးကို ရရှိခဲ့ပါတယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီကတော့ ကမ္ဘာ့ဖလားရခဲ့သည့်တိုင် ဒီအကောင်းဆုံးဆုတွေကို မရရှိခဲ့ပါဘူး။ အီဒါဆန်လည်း အတူတူပါပဲ”
“သူလည်း မန်စီးတီးနဲ့ ဖလားသုံးလုံးရခဲ့တာကြောင့် အကောင်းဆုံးဂိုးသမားဆုရရှိခဲ့ပြီး မာတီနက်ဇ်ကတော့ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားရလို့ဆိုပြီး ဒီလိုမျိုး ဆုမရရှိခဲ့ပါဘူး။ ဒါပေမယ့် ဟာလန်းကတော့ ဖလားသုံးလုံးအတွက် ဘာဆုတံဆိပ်မှမရခဲ့ပါဘူး။ မက်ဆီကတော့ ကမ္ဘာ့ဖလားရလို့ဆိုပြီး အကောင်းဆုံးဆုတွေ ယူသွားပါတယ်” လို့ ထောက်ပြသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က