ကလော့ပ်တယောက် ဟာလန်းကြောင့် ခေါင်းစားနေတာပါ။

လီဗာပူးနည်းပြ ကလော့ပ်က မနက်ဖြန်ည အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့် မန်စီးတီးနဲ့ပွဲအတွက် ပြိုင်ဘက်တိုက်စစ်မှူး ဟာလန်းကို ကစားသမားအများကြီး အသုံးပြုပြီး ထိန်းချုပ်ရင် အခြားသူတွေအတွက် နေရာလွတ်တွေဖြစ်သွားနိုင်တာကြောင့် မလွယ်ကူကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ မန်စီးတီးနဲ့ပွဲမှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။



ဟာလန်းကလည်း လက်ရှိအခိုက်အတန့်မှာ မန်စီးတီးအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၀) အထိ သွင်းယူပေးထားပါတယ်။ ဒီကစားသမားကို ပရီးမီးယားလိဂ်က ဘယ်နောက်ခံလူမှ မထိန်းချုပ်နိုင်တော့ဘူးလို့ ဆိုနေကြပြီး ဟာလန်းကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တဲ့ပွဲတပွဲတည်းရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီပွဲမှာတောင် ဟာလန်းက အသင်းအတွက် သွင်းဂိုးတဂိုးကို ဖန်တီးပေးခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း ဟာလန်း၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရမယ့်အပေါ် ကလော့ပ်က အခုလိုပဲ ဖွင့်ဟလာခဲ့တာပါ။ ကလော့ပ်က “ဟာလန်းက လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးတယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ဒီတော့ ကျနော်တို့ သူ့ဆီ ဘောလုံးတွေအများကြီးမရောက်အောင် လုပ်ရပါမယ်။ ဒါကိုပဲ ကျနော်တို့ ကြိုးစားရမှာပါ။ ဒါပေမယ့် မန်စီးတီးနဲ့ ရင်ဆိုင်ရချိန်မှာ ဟာလန်းကို ကစားသမားအများကြီး အသုံးပြုထိန်းချုပ်မယ်ဆိုရင် သူတို့အသင်းက အခြားကမ္ဘာ့အဆင့် ကစားသမားတွေအတွက် နေရာလွတ်တွေ ဖွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်”

“ဒါကလည်း ခင်ဗျားတို့ရဲ့ဘဝကို လွယ်ကူစေမှာ မဟုတ်ပါဘူး” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲမှာသာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် မန်စီးတီးရဲ့နောက် (၁၆) မှတ်အထိ ပြတ်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ လီဗာပူးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့မဆိုထားနဲ့၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် တော်တော်လေး ခက်ခဲသွားနိုင်ပါတယ်။ 

Share

Loading Next Article...
က္က