ရွှေဖိနပ်ဆုကို ဟာလန်းရရှိသွားပြီလို့လည်း ဆိုခဲ့ပါတယ်။

နယူးကာဆယ်တိုက်စစ်မှူးကော်လမ်ဝီလ်ဆင်က ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ကို မန်စီးတီးတိုက်စစ်မှူးဟာလန်းက ဆွတ်ခူးသွားခဲ့ပြီးပြီလို့ ပြောဆိုလိုက်ပါတယ်။ ဟာလန်းကတော့ မန်စီးတီးအတွက် လိဂ်ပွဲ ၈ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းဘုရင်ဆုအတွက် စာရင်းမှာ ဒုတိယနေရာက ဟယ်ရီကိန်းကို ၇ ဂိုးအထိ အသာစီးရရှိထားကာ အပြတ်အသတ်ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ 

မန်စီးတီးကို ရောက်ရှိလာကတည်းက တောက်လျှောက်ခြေစွမ်းပြနေပြီး ဟက်ထရစ် ၃ ကြိမ်အထိလည်း သူက ပရီးမီးယားလိဂ်မှာ ရယူထားပြီးဖြစ်ပါတယ်။ ဟာလန်းရဲ့ ရပ်တန့်မရတဲ့ ခြေစွမ်းတွေကြောင့်လည်း ဒီဂိုးသွင်းနှုန်းကို ထိန်းထားနိုင်မယ်ဆိုရင် ရာသီကုန်မှာ လိဂ်သွင်းဂိုးပေါင်း ၆၀ ကျော်အထိ ရရှိမယ်လို့ အားလုံးက တွက်ချက်သုံးသပ်နေကြပြီဖြစ်ပါတယ်။ 

BBC နဲ့ ပြုလုပ်ခဲ့တဲ့ podcast မှာ ကော်လမ်ဝီလ်ဆင်က ပြောဆိုခဲ့တာဖြစ်ပြီး အခြားသောတိုက်စစ်မှူးတွေအတွက် တရားမျှတမှုရှိဖို့ ငွေဖိနပ်ဆုကို ဖန်တီးပြုလုပ်ပေးသင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက ဟာလန်းကိုလည်း အကြီးအကျယ်ချီးမွမ်းခန်းဖွင့်ခဲ့ပြီး ဆာလာရဲ့ လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးရာသီက သွင်းယူခဲ့တဲ့ လိဂ်ဂိုး ၃၂ ဂိုးထက် ပိုသွင်းနိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

"ရာသီကုန်ချိန်မှာ ရွှေဖိနပ်တရံရှိတယ်ဗျာ၊ အခုတော့ အဲဒီအတွက်က ပြီးဆုံးသွားပြီ၊ ဟာလန်းက သူ့ ကိုယ်ပိုင်ဖိနပ်တော့လိုတယ်ဗျ၊ ပြီးတော့ ကျနော်တို့အတွက်လည်း နောက်ထပ် ဖိနပ် လိုတယ်၊ အခုခေတ်မှာ ငွေဖိနပ်တရံတော့ လိုနေပါပြီ၊ တရားမျှတဖို့အတွက် ကျနော်တို့ တခုခုတော့ လိုအပ်ပါတယ်၊ ဒီရာသီပရီးမီးယားလိဂ်မှာ သူက ဂိုးအများဆုံးသွင်းပြီး ဂိုးသွင်းစံချိန်တွေကို ရိုက်ချိုးမယ်လို့လည်း ကျနော်ထင်တယ်" 

"သူ ၄၅ ဂိုးလောက်အထိ ရမယ်လို့ ကျနော်ပြောချင်တယ်၊ အဲဒါ ကျနော် အနည်းဆုံးကို ပြေတာာနော်" လို့ ဝီလ်ဆင် ဆိုပါတယ်။ လက်ရှိမှာတော့ ဟာလန်းရဲ့ ခြေစွမ်းတွေက လူသားတဦးဆီကမဟုတ်ဘဲ စက်ရုပ်တရုပ်လိုဖြစ်နေတယ်ဆိုကာ ဝင်ကန်ခွင့်မပေးဖို့အတွက် ကမ်ပိန်းတွေပြုလုပ်တဲ့အထိကို ဖြစ်နေပါတယ်။ 


Share

Loading Next Article...
က္က