နော်ဝေအတွက် ယူရိုခြေစစ်ပွဲတွေ ကစားပေးဖို့အတွက် ပူးပေါင်းခဲ့ပေမယ့် ပေါင်ခြံဒဏ်ရာကြောင့် ကလပ်အသင်းဆီ ပြန်လာခဲ့ရတဲ့ ဟာလန်းဟာ ဒီနေ့ကစားရမယ့် လီဗာပူးလ်နဲ့ အရေးကြီးပွဲစဉ်မှာ မန်ချက်စတာစီးတီးအတွက် ပါဝင်ကစားပေးနိုင်ဖို့ မသေမချာဖြစ်နေပါတယ်။ ဟာလန်းရဲ့ ဒဏ်ရာဟာ တိုးတက်ကောင်းမွန်လာမှု နှေးကွေးနေတာလည်းဖြစ်ပါတယ်။
မန်စီးတီးကို ပြန်ရောက်လာပြီးကတည်းကလည်း အသင်းနဲ့အတူ ပြီးခဲ့တဲ့နှစ်ရက်မှာ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘဲဖြစ်နေပြီး ဂွာဒီယိုလာအတွက်တော့ တိုက်စစ်ပိုင်းမှာ အကျပ်ရိုက်ဖွယ်ရှိနေပါတယ်။ အာဆင်နယ်နဲ့ ၈ မှတ်ကွာဟနေမှုကို လျှော့ချဖို့အတွက် အရေးကြီးနေချိန်မှာ လီဗာပူးလ်လို ပြိုင်ဘက်ကောင်းနဲ့ ကစားရဖို့ရှိနေပြီး ဟာလန်းအခြေအနေကြောင့် စိုးရိမ်နေရပါတယ်။
ဟာလန်းရဲ့ ဖခင်ကိုယ်တိုင်ကလည်း သူ့ရဲ့သားက အသင်းအတွက် လေ့ကျင့်ခန်းမဆင်းနိုင်ဘူးလို့ ပြောဆိုခဲ့ပြီး အပေါ့စားလေ့ကျင့်ခန်းတောင်မှ မလုပ်နိုင်သေးဘူးဆိုရင်တော့ ကစားပေးနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဟာလန်းကတော့ မန်စီးတီးအတွက် ဒီရာသီမှာ ခြေစွမ်းပြနေပြီး ဂိုးတွေ အများအပြားသွင်းယူထားသူဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ဟာလန်းအပြင် ဖိုဒန်ကိုလည်း လက်လွှတ်ထားဦးမှာဖြစ်ပြီး အဓိကကစားသမားတွေဖြစ်နေလို့ ခေါင်းကိုက်ရမယ့် သတင်းတွေပါပဲ။ တဖက်မှာ လီဗာပူးလ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားကုန်ထုတ်ကစားမှာဖြစ်လို့ မန်စီးတီးအတွက် ဒါက ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်နေပါတယ်။ လီဗာပူးလ်ဟာ ဒီရာသီ ကွန်မြူနတီဒိုင်းပွဲတုနး်က မန်စီးတီးကိုအနိုင်ရထားသလို အန်ဖီးလ်က လိဂ်ပွဲပထမအကျော့ကိုလည်း အနိုင်ရထားတာပါ။
နော်ဝေတိုက်စစ်မှူးဟာလန်းက မန်စီးတီးအတွက် ၃၇ ပွဲကစားပေးထားပြီး ၄၂ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးထားပါတယ်။ သူသာ မကစားပေးနိုင်ဘူးဆိုရင် ဒါဟာ အာဆင်နယ်အတွက်တော့ သတင်းကောင်းဖြစ်လာမှာပါ။ အမှတ်ပေးဖလားအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ အသင်းရဲ့ အဓိကကစားသမားမပါဝင်နိုင်ရင် ရမှတ်လျော့သွားနိုငလီု့ လိဒ်နဲ့ကစားမယ့်ပွဲကိုသာ အာဆင်နယ်က ထပ်အနိုင်ယူခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်က များသထက်များလာမှာလည်းဖြစ်ပါတယ်။