ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းဂိုးနဲ့ အကောင်းဆုံးစတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ် လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ရာ့စ်မွတ်စ် ဟိုရီလွန်းဟာ နောက်ဆုံး နိုင်ငံတကာပွဲစဉ်မှာ အားလုံးရဲ့ ပါးစပ်ဖျားမှာ ပြောနေကြတဲ့ နာမည်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အသက် ၂၀ အရွယ် အတ္တလန္တာတိုက်စစ်မှူးဟာ ဖင်လန်နဲ့ ကစားခဲ့တဲ့ ယူရိ ၂၀၂၄ ခြေစစ်ပွဲစဉ်မှာ ပထမဆုံး ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းဂိုးနဲ့ အကောင်းဆုံးစတင်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဟိုရီလွန်းဟာ ကာဇက်စတန်နဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီး ၎င်းရဲ့ ဟက်ထရစ်သွင်းဂိုးကို ထပ်မံတိုးမြှင့်နိုင်ခဲ့တာဖြစ်ပြီး ၂ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိင်ခဲ့ပြီးနောက် ပရိသတ်တွေဟာ ဟာလန်းလက်သစ်လို့ ချီးကျူးခံထားရတဲ့ အတ္တလန္တာကြယ်ပွင့်ကို သတိမပြုမိဘဲ မနေနိုင်ခဲ့ကြတာဖြစ်ပါတယ်။

 

“ကောင်းလိုက်တဲ့ အရည်အချင်း။ ရာ့စ်မွတ်စ် ဟိုရီလွန်းက ဒိန်းမတ်အတွက် စကစားတဲ့ ၂ ပွဲမှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး သူက အသက် ၂၀ ပဲ ရှိသေးတယ်”လို့  ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကျွန်တော် ဟိုရီလွန်း ခြေစွမ်း အရမ်းကောင်းနေတာကို လစ်လျူရှုဖို့ ကြိုးစားခဲ့ပေမယ့် ၂ ပွဲမှာ ၅ ဂိုးဆိုတာကတော့ အကောင်းဆုံးကစားသမားဖြစ်လာဖို့အတွက် အစပဲ။ ငါတို့တွေ အတူတူ အိပ်မက်ကြရအောင်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က