ဒီဘရိုင်းရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

မန်စီးတီးကတော့ ဒီပွဲမှာ တိုက်စစ်မှူး ဟာလန်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အယ်လ်ဗာရက်ဇ်က ပွဲထွက်လာခဲ့ပါတယ်။ ဂရီလစ်ရှ်လည်း ပါဝင်လာခဲ့သလို ကျန်တဲ့နေရာတွေမှာတော့ အပြောင်းအလဲ ကြီးကြီးမားမားမရှိခဲ့ဘဲ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ဂွန်ဒိုဂန်၊ ကန်ဆယ်လို၊ စတုန်းစ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။



လက်စတာလည်း တိုက်စစ်မှာ ဗာဒီဦးဆောင်လာခဲ့ပြီး မက်ဒီဆန်၊ ဘားနက်စ်၊ တိုင်လီမန့်စ်၊ ဆိုယန်ကူတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲစတာနဲ့ မန်စီးတီးတို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဗာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ ကန်ချက်တွေကို လက်စတာဂိုးသမား ဝါ့ဒ်က လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့ ဖိကစားနေပေမယ့် ဟာလန်း မပါတာကြောင့် ကြည့်နေရတဲ့ ပရိသတ်တွေအတွက်လည်း တိုက်စစ်ပိုင်းက တခုခုလိုအပ်နေသလို ခံစားခဲ့ရပါတယ်။ ပထမပိုင်းပြီးတဲ့အထိ မန်စီးတီးတို့ ဂိုးမရခဲ့ဘဲ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။ မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ် ပထမပိုင်းမှာ ဂိုးမသွင်းနိုင်တာ ဒီပွဲမတိုင်ခင်က နှစ်ပွဲတည်းရှိခဲ့တာပါ။

အဲ့ဒီနှစ်ပွဲလုံးမှာလည်း မန်စီးတီးတို့ နိုင်ပွဲပျောက်ခဲ့တာကြောင့် မန်စီးတီးပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတင် မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဖရီးကစ်ကတဆင့် လှလှပပ ကန်သွင်းပေးခဲ့ပါတယ်။ ပွဲပြီးတဲ့အထိလည်း မန်စီးတီးတို့ ဒီတဂိုးတည်းနဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ပွဲမတိုင်ခင်မှာ တပွဲပို၊ တမှတ်အသာနဲ့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဘရိုင်းကလည်း မန်စီးတီးအတွက် ဘယ်လိုမှ အဖိုးဖြတ်လို့မရတဲ့ ကစားသမားဆိုတာကို အကြိမ်ကြိမ် သက်သေပြနေပြီး အခု ဟာလန်းမပါတာကြောင့် ဂိုးရဖို့ ခက်နေတဲ့ပွဲမှာလည်း သူ့ရဲ့တလုံးတည်းသော သွင်းဂိုးနဲ့ ကယ်တင်ခဲ့ပြန်ပါပြီ။ 

Share

Loading Next Article...
က္က