အီတလီမှာ တွေ့ဆုံခဲ့ကြတာပါ။

ကမ္ဘာကျော် အနုပညာရှင် Kim Kardashian က အပြင်လောကမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ တွေ့ဆုံခဲ့တုန်းက အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အီတလီနိုင်ငံမှာ တွေ့ဆုံခဲ့ကြတာပါ။



ဒါ့အပြင် ကင်မ်ရဲ့သားဖြစ်သူက ဟာလန်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်လို့လည်း အဆိုပါနာမည်ကျော်က ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ကင်မ်က အဲ့ဒီအချိန်တုန်းက သူ့ရဲ့ ခံစားချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
ကင်မ်က “ကျွန်မ အီတလီမှာရှိနေခဲ့တုန်းက ဟာလန်းနဲ့ တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မ တော်တော်လေး စိတ်လှုပ်ရှား ထိတ်လန့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မသားလည်း တကယ်ကို စိတ်လှုပ်ရှားနေမှာမို့လို့လေ။ သူက ဒါမျိုးဆို ဒီလိုမျိုး စိတ်လှုပ်ရှားတတ်ပါတယ်”
“ဒီတော့ အဲ့ဒီပွဲမှာ ဟာလန်းနဲ့တွေ့ခဲ့တုန်းက ကျွန်မက အရှုံးသမားတစ်ယောက်လိုပါပဲ။ ဘယ်လိုဖြစ်နေလဲဆိုတော့ ‘ဘုရားသခင်ရေ... ငါဘယ်ကို
ထွက်ပြေးရင်ကောင်းမလဲ’ ဆိုပြီးတော့ကို ဖြစ်နေခဲ့တာပါ”


“ဟာလန်းနဲ့ စကားပြောဆိုနေချိန်မှာလည်း ကျွန်မ ဘယ်လိုနေလို့ နေရမှန်းကို မသိနိုင်ဖြစ်ခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကင်မ်ရဲ့သားဖြစ်သူက ကစားသမားတွေထဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို သဘောကျပေမယ့် အသင်းထဲမှာတော့ အာဆင်နယ်ကို အမာခံအားပေးတဲ့ ပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က