ဘလွန်းဒီအော်ဆုပေးပွဲကို ဒီလကုန်မှာ ကျင်းပတော့မှာဖြစ်ပြီး ဟာလန်းနဲ့ မက်ဆီ ဘယ်သူက ဘလွန်းဒီအော် ရသွားမလဲဆိုတာ ပရိသတ်တွေအကြားမှာ အငြင်းအခုန်ဖြစ်နေပါတယ်။ လက်ရှိမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူတို့နှစ်ယောက်အနက် ဘယ်သူရသင့်လဲဆိုတာကို ပြောလာခဲ့ပါတယ်။
အဲ့ဒါကြောင့် မက်ဆီရသင့်တယ်၊ ဟာလန်းရသင့်တယ် အငြင်းပွားနေကြပြီး ဂွါဒီယိုလာကလည်း ဒါနဲ့ ပတ်သက်လို့ အခုလိုမျိုး ဖွင့်ဟခဲ့တာပါ။ သတင်းထောက်ရဲ့ မေးခွန်းအပေါ် ဂွါဒီယိုလာက “ဟားဟား၊ ခင်ဗျားက ရယ်ရတဲ့သူပဲဗျ။ ကျွန်တော် အမြဲတမ်း ပြောခဲ့တာတစ်ခုရှိပါတယ်။ ဘလွန်းဒီအော်မှာ အပိုင်းနှစ်ပိုင်းရှိတယ်ဆိုပြီးတော့ပေါ့”
“ဟာလန်းရော၊ မက်ဆီရော နှစ်ယောက်စလုံးက ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်။ ဒီတော့ ကျွန်တော် ဘာပြောနိုင်မှာလဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ဂွါဒီယိုလာစင်တင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာမှာ မက်ဆီက ဂွါဒီယိုလာအတွက် အထိမခံခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။