လာမယ့်ရာသီအတွက် ခေါ်ယူဖို့ စောင့်ကြည့်နေပါပြီ။

လာမယ့် နွေရာသီမှာ တိုက်စစ်မှူးတဦး ခေါ်ယူဖို့အတွက် စီစဉ်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန္တာအသင်းက ဒိန်းမတ်ဟာလန်းလို့ နာမည်ကျော်ကြားနေတဲ့ ရက်စ်မက်စ်ဟော့ဂျ်လန်းကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေပြီလို့ သိရပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ယူရိုခြေစစ်ပွဲတွေမှာ ဒိန်းမတ်အတွက် ထူးရှယ်ခြေစွမ်းပြပြီး နာမည်ရလာခဲ့သူပါ။ 

ဟော့ဂျ်လန်းဟာ ဒီရာသီကမှ အတ္တလန္တာကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြိး ၂၉ ပွဲကစားအပြီးမှာ ၇ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။ ဒိန်းမတ်အတွက် သူက ၄ ပွဲသာ ကစားပေးထားပေမယ့်လည်း ၅ ဂိုးသွင်းယူပေးထားကာ ပင်နယ်တီဧရိယာအတွင်းမှာ တော်တော်လေးကို ခြိမ်းခြောက်မှုလုပ်နိုင်တဲ့ ကစားသမားတဦးဖြစ်ပါတယ်။ 

အသက် ၂၀ အရွယ်သာရှိသေးပြီး အရပ်အမြင့် ၆ပေ ၂လက်မရှိကာ တိုက်စစ်မှူးတဦးအတွက် လိုအပ်တဲ့ ပုံစံမျိုးနဲ့ ပြည့်စုံသူလို့ သတ်မှတ်ခံထားရပါတယ်။ ယူရိုခြေစစ်ပွဲတွေမှာ သူ ခြေစွမ်းပြခဲ့ပြီးနောက် အတ္တလန္တာက သူတို့တိုက်စစ်မှူးဟာ ရောင်းချဖို့မဟုတ်ဘူးလီု့ ပြောဆိုခဲ့ပေမယ့်လည်း ပေါင်သန်း ၄၀ လောက်ရမယ်ဆိုရင် ရောင်းထုတ်မယ့် အနေအထားမှာ ရှိနေပါတယ်။ 

ဒီရာသီမှာ ယူနိုက်တက်က သွင်းဂိုးတွေအတွက် မားကပ်စ်ရက်ရှ်ဖို့ဒ် တဦးတည်းကိုသာ မှီခိုနေခဲ့ရပြီး သူ မဂိုးသွင်းနိုင်ခဲ့ဘူးဆိုရင် တော်တော်လေးအခက်တွေ့ခဲ့ရပါတယ်။ အန်သိုနီမာရှယ်၊ ဝက်ဟော့စ်တို့ရှိနေပမယ့် အရေးအကြောင်းဆိုရင် အားကိုးမရဘဲ ပရိသတ်တွေကိုယ်တိုင်ပါ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရပြီး လာမယ့်ရာသီမှာ အထောင်တိုက်စစ်မှူးတဦး မဖြစ်မနေခေါ်ယူရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က