မန်စီးတီးက အမေရိကန်မှာ ရာသီကြိုလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာပါ။

မန်စီးတီးဂိုးသမား အီဒါဆင်တယောက် လေ့ကျင့်ရေးအစီအစဥ်မှာ ဒုက္ခရောက်နေရပြီလို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ လက်ရှိမန်စီးတီးဟာ ရာသီကြိုခရီးစဥ်အဖြစ် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ခြေစမ်းပွဲတွေကစားဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေကြပါတယ်။



ဒီလိုမျိုး လေ့ကျင့်ခန်းဆင်းတဲ့နေရာမှာ မန်စီးတီးဘက်က ကစားသမားသစ်တွေဖြစ်ကြတဲ့ ဟာလန်း၊ အယ်လ်ဗာရက်ဇ်၊ ကဲလ်ဗင်ဖီးလစ်တို့လည်း အသင်းနဲ့ ပူးပေါင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် မန်စီးတီးရဲ့ တရားဝင်တွစ်တာကတဆင့် တင်ထားတဲ့ ဗီဒီယိုဖိုင်တခုမှာတော့ ကမ္ဘာကျော်ဂိုးသမား အီဒါဆင်တယောက် တော်တော်လေး ဒုက္ခရောက်နေခဲ့ပါတယ်။

ဟာလန်း၊ အယ်လ်ဗာရက်ဇ်တို့က အီဒါဆင်ကို အကြိမ်ကြိမ် ကျော်ဖြတ် ဂိုးသွင်းနေကြပြီး ဂိုးသမားကြီး စကော့ကာဆင်ကလည်း ဒီဒုက္ခတွေကို ခါးစည်းခံခဲ့ရပါတယ်။ (၄) မိနစ်ကျော်ကြာမြင့်တဲ့ အဆိုပါဗီဒီယိုအတွင်းမှာ ဂိုးသွင်းကောင်းတယ်လို့ နာမည်ကြီးတဲ့ အယ်လ်ဗာရက်ဇ်၊ ဟာလန်းတို့က အီဒါဆင်ကို ပုံစံမျိုးနဲ့ ဂိုးတွေ သွင်းယူနေခဲ့တာဖြစ်ပါတယ်။



ဒါ့အပြင် အဆိုပါဗီဒီယိုထဲမှာပဲ အီဒါဆင်တယောက် အပူဒဏ်ကြောင့်ပဲလား၊ တချိန်လုံးဂိုးသွင်းခံရလို့ စိတ်ပျက်နေတာကြောင့်ပဲလား မသိရဘဲ ဂိုးပိုက်နောက်မှာ ဆောင့်ဆောင့်လေးထိုင်ပြီး ငေးကြည့်နေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေကတော့ “ဒီ (၄) မိနစ်စာ ဗီဒီယိုက အီဒါဆင်ဒုက္ခရောက်တာကို ပြသခဲ့တဲ့ ဗီဒီယိုပါ” “ကင်မရာမန်းကပဲ အီဒါဆင်ကို ဒုက္ခပေးခဲ့တာလား ဒါမှမဟုတ် အီဒါဆင်ကပဲ မဖမ်းဘဲ လွှတ်ပေးနေတာလား” လို့ အမျိုးမျိုးမှတ်ချက်ပြုခဲ့ကြပါတယ်။

မန်စီးတီးဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ကလပ်အမေရိက၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ကစားရမှာဖြစ်ပြီး လာမယ့် ဇူလိုင် (၃၀) မှာတော့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲအဖြစ် လီဗာပူးနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က